ကိုလံဘို ၊ ဇူလိုင် (၂၀)

သီရိလင်္ကာရဲ့ သမ္မတရာထူးအတွက် ယှဥ်ပြိုင်ရာတွင် ပြိုင်ဘက်ကိုယ်စားလှယ်တစ်ဦးကို အားပေးထောက်ခံလိုသောကြောင့် အကြီးစား အတိုက်အခံခေါင်းဆောင် ဆာဂျစ်ပရီမာဒါဆာသည် ယင်း၏ ဝင်ရောက်ယှဥ်ပြိုင်မှုကို အင်္ဂါနေ့အတွင်းက ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်ချစ်တဲ့ နိုင်ငံနဲ့ ကျွန်တော် မြတ်နိုးတဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးအတွက်၊ သမ္မတ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ဒီကနေ ရုပ်သိမ်းလိုက်ပါတယ်” လို့ ပရီမာဒါဆာက Twitter မှာ  ပြောကြားခဲ့ပါတယ်။

ဒူလက်စ် အယ်လ်ဟပ်ပီရူမာအနိုင်ရရေးအတွက် ယင်း၏ ပါတီနှင့် မဟာမိတ်များ၊ အတိုက်အခံလုပ်ဖော်ကိုင်ဖက်များမှ ကြိုးစားလိမ့်မယ်လို့ ဆိုပါတယ်။ 

သီရိလင်္ကာနိုင်ငံ သမ္မတ ဂိုဒါဘာရာဟာ နိုင်ငံကိုစွန့်ခွါသွားပြီးနောက် လက်ရှိဝန်ကြီးချုပ် ရာနေးလ်ဝစ်ခရင်ဆင်မ်ဂီကို သီရီလင်္ကာရဲ့ ယာယီသမ္မတအဖြစ်ကြေငြာလိုက်တဲ့နေ့မှာပဲ ဝန်ကြီးချုပ်အသစ်ကိုခန့်အပ်ဖို့ ပါလီမန်ပြောရေးဆိုခွင့်ရှိသူဆီကို မေးမြန်းခဲ့တယ်လို့ သတင်း ထုတ်ပြန်ရေးအဖွဲ့က ဇူလိုင်လ(၁၃) ရက်နေ့က ပြောဆိုခဲ့ပါတယ်။ 

ရာဂျာပက်ဆာဟာ သမ္မတရာထူးက ဆင်းပေးမယ့်အချိန်မတိုင်ခင်က နိုင်ငံကစွန့်ခွါထွက်ပြေးခဲ့ ပြီးလူထုအုံကြွမှုဖြစ်ပေါ်လာစေတဲ့ စီးပွားရေးအကြပ်အတည်းကြောင့် ကျွန်းနိုင်ငံပေါ်က သမ္မတ မိသားစုရဲ့ ဩဇာအာဏာကို ချုပ်ငြိမ်းသွားစေခဲ့တာပါ။ 

ကိုလမ်ဘိိုမြို့က ရာဂျာပက်ဆာရဲ့ ရုံးကို လူရာနဲ့ချီဝိုင်းဝန်ပြီးရာထူးက ဆင်းပေးဖို့ တောင်းဆိုခဲ့ တဲ့ နေ့နှောင်းပိုင်းမှာ ဝန်ကြီးချုပ်ရာနေးလ်ဟာ အရေးပေါ်အခြေအနေကြေညာပြီး ကာဖြူးလ် အမိန့်ထုတ်ခဲ့ပါတယ်။ 

သီရိလင်္ကာသမ္မတ ဂိုဒါဘာရာ ရာဂျာပက်ဆာသည် မော်လ်ဒိုက်မှတဆင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိပြီး နာရီအနည်းငယ်အကြာမှာပင် နှုတ်ထွက်စာကို ၁၄ ရက်နေ့မှာ တင်သွင်းခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.