ထားဝယ် ၊ ဇူလိုင် (၂၀)


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ ဇူလိုင် ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၅ ရက်အတွင်း စစ်ကောင်စီတပ်က အမျိုးသမီး ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

 
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့မှာ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်က CDM ကျောင်းသူ မသူဇာဝင်းထက်၊ ကညုံရပ်ကွက်က ဈေးရောင်းသူ ဒေါ်မိုးကလျာနဲ့ကျောက်ရပ်ရွာက ဒေါ်သီရိလှိုင်တို့ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။


ဇူလိုင် ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ထားဝယ်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ကြက်စာပြင်၊ ဒေါင်းငူနဲ့ ဘုမ္မော်ရပ်ကွက်တွေက အမျိုးသမီး ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

 
လက်ရှိမှာတော့ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုသမီးတွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို မိသားစုနဲ့လည်း အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။


ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်း Kaung For You အွန်းလိုင်းစာသင်ကျောင်းနဲ့ ဆက်စပ်သူတွေကို ဆက်တိုက် ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပြီး အခုဖမ်းဆီးခံရမှုဟာ Kaung For You အွန်းလိုင်းစာသင်ကျောင်းနဲ့ ပတ်သက်ပြီး ရှိ မရှိဆိုတာ အသေးစိတ် မသိရသေးပါဘူး။


တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ် အာဏာသိမ်းပြီးနောက်  အပြစ်မဲ့ပြည်သူ ၁၀၀၀ ကျော် ဖမ်ဆီးထိန်းသိမ်းခံထားရပြီး အများစုကိုတော့ စစ်ကောင်စီက ထောင်ဒဏ် ပြစ်ဒဏ်အသီးသီး ချမှတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.