ပရက်ဂ် – ဇူလိုင်(၁၅) 

ဥရောပသမဂ္ဂရဲ့ ရုရှားအပေါ် (၇) ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှု တစ်ရပ်ကို ပြင်ဆင်နေ ပေ မယ့် အဖွဲ့ဝင်နိုင်ငံတွေဟာ လုံလောက်အောင် ချိန်ညှိနိုင်တာမရှိသေးတဲ့အတွက် ရုရှားဓာတ်ငွေ့ တင်သွင်းမှုကိုတားဆီးမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိထားပြီးဖြစ်တယ်လို့ ချက်

ဝန်ကြီးချုပ်က ရိုက်တာကိုပြောပါတယ်။ 

ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဖိအားတွေတိုးမြင့်လာစေဖို့ အတွက် EU ရဲ့ အမှုဆောင်အရာရှိက ဒဏ်ခတ်ပိတ်ဆို့မှုဟာ ရွှေတင်သွင်းမှုကို တားမြစ်ဖို့၊ ရုရှားကိုတင်ပို့ဖို့ တားမြစ်ထားတဲ့ ကုန်ပစ္စည်းစာရင်းကို ချဲ့ထွင်ပြီး လူတစ်ဦးချင်စီကို ပစ်မှတ် ထားဖို့ မျှော်လင့်တယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ 

ဥရောပကော်မရှင်ဟာ လာမယ်ရက်ပိုင်းမှာ အဲ့ဒီပက်ကေ့ချ်ကို တင်ပြဖို့ အသင့်ဖြစ်နေသင့်ပြီး အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ချက်ချင်းအတည်ပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

“သေချာတာတစ်ခုကတော့ ပြဿနာက ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ စွမ်းအင်တွေ ထည့်သွင်းဖို့ပါပဲ၊ ဘာကြောင့်လဲဆိုတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ် ထားတဲ့ နိုင်ငံတွေထက် ရုရှားအပေါ် သက်ရောက်မှုပိုရှိရမယ် ဆိုတဲ့ စည်းမျဉ်းကို သတိပြုရပါ မယ်။”ဓါတ်ငွေ့ပါဝင်ဖို့ အခွင့်အလမ်းမရှိဘူးလို့ ဝန်ကြီးချုပ်ကပြောကြားခဲ့ပြီး “နိုင်ငံအတော် များများက ရုရှားဓာတ်ငွေ့ကို မှီခိုနေတာကြောင့် မဖြစ်သင့်ဘူးလို့ ထင်ပါတယ်” လို့ ချက်သမ္မတ နိုင်ငံဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ 

ချက်သမ္မတနိုင်ငံဟာ ဇူလိုင်လ(၁) ရက်နေ့က အီးယူရဲ့ ခြောက်လအလှည့်ကျသမ္မတရာထူးကို လွှဲပြောင်းယူခဲ့တဲ့ နိုင်ငံဖြစ်ပြီး သူတို့ရဲ့ ဓာတ်ငွေ့လိုအပ်ချက်အားလုံးနီးပါးအတွက် ရုရှားကို မှီခို နေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ 

အီးယူကပိတ်ဆို့မှုတွေမလုပ်ခင်က  ရုရှား နိုင်ငံရဲ့ ဓာတ်ငွေ့(၄၀) ရာခိုင်နှုန်းလောက်ကို မှီခိုနေကြရပြီး လက်ရှိအချိန်ထိ လည်းမှီခိုနေကြရတာပါ။ 

ချက်နိုင်ငံအနေနဲ့ ရုရှားစွမ်းအင်အပေါ်မှီခိုအားထားနေရတာကို ဖြတ်တောက်ဖို့ လုပ်ဆောင်နေပြီး လာမယ့် ဆောင်းရာသီမှာတော့ ဖြစ်မလာနိုင်သေးဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။ 

ပထမဆုံးဒဏ်ခတ်အရေးယူမှု ခြောက်ကြိမ်မှာ ရုရှားအာဏာပိုင်တွေနဲ့ အရာရှိတွေရဲ့ ပိုင်ဆိုင်မှု ရပ်ဆိုင်းတာ၊ဗီဇာပိတ်ပင်တာ၊ပို့ကုန်ထိန်းချုပ်မှု၊ဗဟိုဘဏ်ပိုင်ဆိုင်မှုတွေရပ်ဆိုင်းတာ၊ ဘဏ်တွေ ကို Swift စာပို့စနစ်က ဖြတ်တောက်တာ၊ ကျောက်မီးသွေးနဲ့ ရေနံတင်သွင်းမှုတွေ ပိတ်ပင်တာတို့ ပါဝင်ခဲ့ပါတယ်။ 

ရုရှားနိုင်ငံဟာ ဇူလိုင်လ(၁၁) ရက်နေ့ကစတင်ခဲ့တဲ့ အဓိက Nord Stream(1) ဓာတ်ငွေ့ပိုက်လိုင်း ကိုပြုပြင်ထိန်းသိမ်းဖို့ စီစဉ်ထားပြီး လွန်ခဲ့တဲ့ (၁၀) ရက်အထိ သက်တမ်းတိုးဖို့ ထုတ်ပြန်ထားတဲ့ အတွက် ဥရောပမှာ စိုးရိမ်မှုတွေမြင့်တက်နေသလို နောက်ဆုံးပိတ်ဆို့မှုတွေအတွက်လည်း ပြင်ဆင် နေကြတာဖြစ်ပါတယ်။ 

ဥရောပသမဂ္ဂ စွမ်းအင်ဝန်ကြီးတွေအနေနဲ့ လာမယ့် ဇူလိုင်လ(၂၆) ရက်နေ့မှာ ထူးခြားတဲ့ အစည်း အဝေး မှာ အဆိုပြုချက်တွေဆွေးနွေးဖို့ ရှိတယ်လို့ ချက်သမ္မတနိုင်ငံဝန်ကြီးချုပ်က ပြောခဲ့ ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.