ကိုလံဘို – ဇူလိုင်(၁၅)

သီရိလင်္ကာနိုင်ငံ သမ္မတ ဂိုဒါဘာရာဟာ နိုင်ငံကိုစွန့်ခွါသွားပြီးနောက် လက်ရှိဝန်ကြီးချုပ် ရာနေးလ်ဝစ်ခရင်ဆင်မ်ဂီကို သီရီလင်္ကာရဲ့ ယာယီသမ္မတအဖြစ်ကြေငြာလိုက်တဲ့နေ့မှာပဲ ဝန်ကြီးချုပ်အသစ်ကိုခန့်အပ်ဖို့ ပါလီမန်ပြောရေးဆိုခွင့်ရှိသူဆီကို မေးမြန်းခဲ့တယ်လို့ သတင်း ထုတ်ပြန်ရေးအဖွဲ့က ဇူလိုင်လ(၁၃) ရက်နေ့က ပြောဆိုခဲ့ပါတယ်။ 

သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်ဖြစ်သူ ရာနေးလ်ဝစ်ခရင်ဆင်မ်ဂီဟာ အစိုးရအဖွဲ့နြံ အတိုက်အခံနှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ လူတစ်ဦး ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ကြေငြာဖို့ ပါလီမန်ပြောရေးဆိုခွင့်ရှိသူဆီကို မေးမြန်း ခဲ့တာပါ။ 

ရာနေးလ်းကို ယာယီသမ္မတအဖြစ်ခန့်အပ်လိုက်တဲ့နေအစောပိုင်းမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ဟာ ရာနေးလ်နဲ့ ရာဂျာပက်ဆာကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုထားပါတယ်။ 

“သမ္မတ ရာဂျာပက်ဆာသည် နိုင်ငံမှ ထွက်ခွာမည့် အ‌တောအတွင်း ဖွဲ့စည်းပုံအခြေခံ ဥပ‌ဒေနှင့်အညီ ဝန်ကြီးချုပ်ကို သမ္မတအဖြစ် ခန့်အပ်ရန် ပြောဆိုထားကြောင်း” လို့ပါလီမန် ပြောရေးဆိုခွင့်ရှိသူရဲ့ ရုပ်သံကတဆင့်ထုတ်လွှင့်သော အစောပိုင်းကြေငြာချက်တွင် မှာ ပြောဆိုထားပါတယ်။ 

ရာဂျာပက်ဆာဟာ သမ္မတရာထူးက ဆင်းပေးမယ့်အချိန်မတိုင်ခင်က နိုင်ငံကစွန့်ခွါထွက်ပြေးခဲ့ ပြီးလူထုအုံကြွမှုဖြစ်ပေါ်လာစေတဲ့ စီးပွားရေးအကြပ်အတည်းကြောင့် ကျွန်းနိုင်ငံပေါ်က သမ္မတ မိသားစုရဲ့ ဩဇာအာဏာကို ချုပ်ငြိမ်းသွားစေခဲ့တာပါ။ 

ကိုလမ်ဘိိုမြို့က ရာဂျာပက်ဆာရဲ့ ရုံးကို လူရာနဲ့ချီဝိုင်းဝန်ပြီးရာထူးက ဆင်းပေးဖို့ တောင်းဆိုခဲ့ တဲ့ နေ့နှောင်းပိုင်းမှာ ဝန်ကြီးချုပ်ရာနေးလ်ဟာ အရေးပေါ်အခြေအနေကြေညာပြီး ကာဖြူးလ် အမိန့်ထုတ်ခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေကို တစ်ကြိမ်ပြီးတစ်ကြိမ်ပစ်ခတ်ခဲ့သလို စစ်သုံးရဟတ်ယာဉ်တွေကလည်း ဆန္ဒပြပြည်သူတွေအပေါ်မှာ ဝဲပျံနေပေမယ့် ဆန္ဒပြ လူဦးရေကတော့ တိုးသထက်တိုးလာခဲ့ပါတယ်။ 

တောင်အာရှနိုင်ငံကို ရာစုနှစ်ကျော်ကြာအုပ်ချုပ်ခဲ့တဲ့ သမ္မတရာဂျာပက်ဆာရဲ့ အုပ်စိုးမှု အာဏာဟာ သူ့ကိုကယ်ထုတ်ဖို့ သမ္မတအသင့်သုံး လေယာဉ်ဆင်းသက်လာချိန်မှာ တော့ ကုန်ဆုံး သွားခဲ့ပါတော့တယ်။ 

စီးပွားရေးအကြပ်အတည်းတွေကြောင့် ဆန္ဒပြသူတွေလပေါင်းများစွာ ဆန္ဒထုတ်ဖော်ခဲ့ပြီး လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ထောင်နဲ့ချီတဲ့လူတွေဟာ ကိုလမ်ဘိုရဲ့ အဓိကကျတဲ့ အစိုးရအဆောက်အအုံတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး ထိန်းမနိုင်သိမ်းမရ ဆိုးရွားလာခဲ့တဲ့ ငွေကြေးဖောင်းပွမှု၊အကျင့်ပျက်ချစားမှုနဲ့ လောင်စာ ဆေးဝါးတွေနဲ့ အထွထွေကုန်ပစ္စည်း ပြတ်လပ်မှုတွေအတွက် ရာဂျာပက်ဆာနဲ့ သူ့ရဲ့အဖွဲ့ဝင်တွေကို ပြည်သူတွေက ပြစ်တင်ရှုတ်ချ ခဲ့ကြပါတယ်။ 

အစိုးရအဖွဲ့သသတင်းအရင်းအမြစ်တွေနဲ့ ကိုယ်ရံတော်အရာရှိတွေရဲ့ ပြောဆိုချက်တွေအရ သမ္မတ ရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ ဝန်ကြီးဟောင်း မဟင်ဒါရာဂျာပက်ဆာနဲ့ ဘာဆေးလ် ရာဂျာပက်ဆာ တို့ကတော့ သီရိလင်္ကာနိုင်ငံမှာပဲ ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။ 

ဂိုဒါဘာရာ ရာဂျာပက်ဆာနဲ့ သူရဲ့ ဇနီးအပါအဝင် ကိုယ်ရံတော်နှစ်ဦးကတော့ ကိုလမ်ဘိုမြို့ အနီးက နိုင်ငံတကာလေဆိပ်ကနေ သီရိလင်္ကာလေကြောင်းတပ်ဖွဲ့ရဲ့ လေယာဉ်တစ်စင်းနဲ့ နိုင်ငံက ထွက်ခွါသွားတယ်လို့ လေကြောင်းတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

သမ္မတဟောင်းနဲ့ အနီးကပ်ရှိတဲ့ အစိုးရအဖွဲ့သတင်းရင်းမြစ်တစ်ခုကတော့ သူဟာ မော်ဒိုက်လ်မြို့ တော် မာလီမှာရှိနေပြီး အဲ့ဒီကနေ အာဆီယံနိုင်ငံတစ်နိုင်ငံကို ဆက်လက်ထွက်ခွါနိုင်တယ်လို့ ပြောဆိုထားပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.