ရန်ကုန်  ၊ ဇူလိုင်(၁၅)

မြောက်ဒဂုံမြို့မရဲစခန်းကို ဒီနေ့ဇူလိုင်လ(၁၄) ရက်နေ့ မနက်ပိုင်းက ကားတစ်စီးနဲ့ လာရောက် ပစ်ခတ်ခဲ့လို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။

“မနက်အစောကြီးလာပစ်တာ မနက် ခြောက်နာရီကျော်လောက် ဘန်ကာအရှေမှာ နေတဲ့အချိန် ပစ်ခံရတာ ထိတဲ့သူတွေရှိတယ်လို့ ကြားတယ်” လို့ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါ တယ်။

အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ရဲစခန်းက ဘန်ကာတွေ ပျက်ဆီးခဲ့ပြီး ဘယ်လောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်ဆိုတာကိုတော့ သေးစိတ်မသိရသေးပါဘူး။

မြောက်ဒဂုံမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆို တာကို အသေးစိတ်ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.