လန်ဒန် ၊ ဇူလိုင် ၁၅

ဇူလိုင် ၁၄ရက်မှာ ကန်ဒေါ်လာစျေးဟာ ၂၄နှစ်အတွင်း တစ်ဖန်ပြန်မြင့်တက်လာပြီး   ယူရိုငွေကြေးလည်း ကျဆင်းလာကာ  ဂျပန်ယမ်းကတော့  ဆယ်စုနှစ်အတွင်းစျေးအနိမ့်ဆုံးသို့ ကျဆင်းလာတာမို့ ငွေကြေးရင်းနှီမြှုပ်နှံသူတွေအနေနဲ့ ခွေးသွားစိပ်သဖွယ် တွဲဆက်လည်ပတ်နေတဲ့ ဒီငွေကြေးတွေနဲ့ လည်ပတ်မှုမှာမြှုပ်နှံဖို့  ဗဟိုဘဏ် အတိုးနှုန်းတွေကို အတော်ချိန်ဆနေကြရပြီလို့  ရိုက်တာ သတင်းကဖော်ပြလိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမငြိမ်မသက်ဖြစ်မှုကြောင့် ဒေါ်လာစျေးဟာ ဒုံးပျံနဲ့စွဲတင်လိုက်သလို မြင့်တက်လာခဲ့ပြီး ဒေါ်လာအညွှန်းကိန်းဟာ ယခုနှစ်မှာ  ၁၃% ကျော်မြင့်တက်သွားခဲ့ပါတယ်။ 

ဒေါ်လာစျေးဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တစ်ဒေါ်လာကို  ၁၃၉ ယမ်းရှိလာရာကနေ  တစ်နှစ်အတွင်း  ၁ဒသမ၃ ရာခိုင်နှုန်းတက်လာခဲ့ပြီး တစ်ဒေါ်လာကို ၁၃၉ ဒသမ ၁၈ ယန်းအထိ မြင့်လာခဲ့ပါတယ်။

ဆယ်စုနှစ် နှစ်စုအတွင်းမှာ ဒေါ်လာထက်စျေးမြင့်နေတဲ့  ယူရိုငွေကြေးဟာ  ဒေါ်လာအောက်ကျဆင်းကာ တစ်ရက်အတွင်းဒေါ်လာနဲ့  စျေနှုန်းတူဖြစ်ခဲ့ပါတယ်။

ဉရောပနဲ့ အီတလီမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေကြောင့် ယူရိုငွေကြေးဟာ ထပ်မံကျဆင်းလာဖွယ်ရှိတယ်လို့လည်း  စီးပွားရေးခန့်မှန်းချက်ဟောကိန်းတွေ  ခုရက်ပိုင်းမှာ ထွက်ပေါ်လာနေတယ်လို့လည်း ရိုက်တာက ဖော်ပြထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.