ဂျာကာတာ ၊ ဇူလိုင် (၁၄)

အင်ဒိုနီးရှားကုမ္ပဏီများအတွက် ကြက်သားကို စင်ကာပူနိုင်ငံသို့ တင်ပို့ရန် အစီအစဉ်သစ်အရ ရေခဲရိုက်ကြက်သား တန်ချိန်ငါးဆယ်ကို အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၃ ရက်) နေ့က ပထမဆုံး တင်ပို့ခဲ့ပါတယ်။

ထိုင်းအခြေစိုက် စားသောက်ကုန်လုပ်ငန်းစုဖြစ်သည့် Charoen Pokphand ရဲ့။ လက်အောက်ခံဖြစ်သည့် Charoen Pokphand Indonesia (CPI) က ၎င်းသည် ယခုနှစ်ကုန်အထိ ကြက်သားတန်ချိန် ၁၀၀၀ ထောက်ပံ့ပေးရန် စင်ကာပူနိုင်ငံမှ တင်သွင်းသူနှင့် စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။

“စင်္ကာပူကို ပထမဆုံး တင်ပို့မှုက အမျိုးသား ကြက်မွေးမြူရေး လုပ်ငန်းကို အားကောင်းစေပြီး အင်ဒိုနီးရှား ကြက်ထွက်ကုန်တွေ ကမ္ဘာ့ဈေးကွက်ကို ပိုမို ထိုးဖောက်နိုင်ဖို့ လမ်းဖွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်။” အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Syahrul Yasin Limpo က ပြောကြားခဲ့ပါတယ်။

စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) ရဲ့ အဆိုအရ အင်ဒိုနီးရှားနိုင်ငံမှ ကုမ္ပဏီ ၃ ခုသည် ကြက်သားနှင့် ကြက်သားအသားထွက်ကုန်များကို နိုင်ငံတွင်းသို့ တင်ပို့ခွင့်ပြုထားကြောင်း သိရပါတယ်။

ကုမ္ပဏီ နှစ်ခုသည် Charoen Pokphand ရဲ့ အင်ဒိုနီးရှား လက်အောက်ခံ ကုမ္ပဏီခွဲ ဖြစ်ပြီး ကျန်တစ်ခုမှာ အင်ဒိုနီးရှား အေးခဲ အစားအစာ ကုမ္ပဏီကြီး Japfa Comfeed ရဲ့ လုပ်ငန်းခွဲ ဖြစ်ပါတယ်။

အခြားကုမ္ပဏီနှစ်ခုသည် ၎င်းတို့ရဲ့ ထုတ်ကုန်များကို စင်ကာပူသို့ မည်သည့်အချိန်တွင် စတင်တင်ပို့မည်ကို မသိရသေးပါဘူး။

လက်ရှိမှာတော့ စင်ကာပူသို့ ကြက်သားထွက်ကုန်များ တင်ပို့ရန် ခွင့်ပြုချက်တောင်းခံနေသည့် အခြားသော အင်ဒိုနီးရှားကုမ္ပဏီ ၁၂ ခုရှိကြောင်း အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနက ယခုသီတင်းပတ် အစောပိုင်းမှာ  ပြောကြားခဲ့ပါတယ်။ လ

စင်္ကာပူနိုင်ငံသို့ အစားအစာတင်ပို့ရန် ခွင့်ပြုချက်မပေးအပ်မီ အသေးစိတ် စာရွက်စာတမ်း အကဲဖြတ်မှုများနှင့် ဆိုက်တွင်းစစ်ဆေးခြင်းများအတွက် တစ်ဦးချင်း တည်ထောင်မှုနှင့် လယ်ယာများကို အကဲဖြတ်ရန် လိုအပ်ကြောင်း စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ SFA မှ ပြောကြားခဲ့ပါသည်။

စင်ကာပူသည် ယမန်နှစ်က ကြက်သားတန်ချိန် ၂၁၄,၄၀၀ တင်သွင်းခဲ့ပြီး သုံးပုံတစ်ပုံမှာ မလေးရှားမှဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.