ကိုလံဘို – ဇူလိုင်(၁၃) 

သီရိလင်္ကာပါလီမန်က လာမယ်ဇူလိုင်လ(၂၀) ရက်နေ့မှာ သမ္မတသစ်တစ်ဦးကို ရွေးကောက် တင်မြှောက်မယ်လို့ ပါလီမန်ဥက္ကဌ က ဇူလိုင်လ(၁၁) ရက်နေ့က အသိပေးပြောဆိုခဲ့ပါတယ်။ 

တမီလ်ကျားသူပုန်တွေဖြိုခွင့်မှဒကို ကြီးကြပ်ကွပ်ကဲခဲ့တဲ့ သမ္မတ Gotabaya Rajapaksa ဟာ ကာကွယ်ရေးအတွင်းဝန်အဖြစ် ဇူလိုင်လ(၁၃) ရက်နေ့မှာ ရာထူးကနှုတ်ထွက်မှာဖြစ်ပြီး သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဗြိတိန်နိုင်ငံကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး လောင်စာ၊စားနပ်ရိက္ခာနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ 

ပါလီမန်ကို လာမယ့် သောကြာနေ့မှာ ပြန်လည်ကျင်းပမှာဖြစ်ပြီး ငါးရက်အကြာမှာ သမ္မတ သစ်တစ်ဦးကို ရွေးကောက်တင်မြှောက်ဖို့ မဲခွဲဆုံးဖြတ်မှာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဌ က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 

“ဒီကနေ့ကျင်းပတဲ့ ပါတီခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီအားလုံး အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း သဘောတူညီခဲ့ပါတယ်” လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အာဏာရပါတီက ဝန်ကြီးချုပ်နဲ့ ကပ်ဘိနက်က ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ အစိုးရသစ် ဖွဲ့ဖို့အတွက် လက်ရှိရာထူးတွေကနေ နှုတ်ထွက်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆိုထားကြပါတယ်။ 

ဆန္ဒပြသူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ဝန်ကြီးချုပ် Ranil Wickremesinghe က ရာထူးကဆင်းပေးမယ်လို့ ပြောဆိုထားပြီး သမ္မတရဲ့ နှုတ်ထွက်မယ့် အစီအစဉ်တွေကို ဝန်ကြီး ချုပ်ဆီ အတည်ပြုထားသလို ပါတီအားလုံးအစိုးရဖွဲ့ဖို့ သဘောတူညီမှုရရှိပြီးရင် အစိုးရအဖွဲ့က နှုတ်ထွက်မှာဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကယ်ဆယ်ရေးအစီအစဉ်အတွက် နိုင်ငံတကာငွေကြေးရန်ပုံ ငွေအဖွဲ့(IMF) နဲ့ ညှိနှိုင်းမှုတွေကိုထိခိုက်စေတယ်လို့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက ရိုက်တာ သတင်းဌာနကို ပြောဆိုထားပါတယ်။ 

ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက ကျွန်းနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုမရှိရင် ရာထူးက နှုတ်ထွက် နိုင် တယ်လို့ ပြီးခဲ့တဲ့ မေလက ပြောဆိုထားပါတယ်။ 

သမ္မတနေအိမ်မှာ ဆန္ဒပြသူတွေဟာ ရူပီး (၁၇.၈) သန်း အမေရိကန် ဒေါ်လာ (၅၀၀၀၀) ကို သိမ်းဆည်းရမိထားတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အစိုးရရဲ့ အသွင်ကူး ပြောင်းမှုကို ချောမွေ့စွာဖြေရှင်းဖို့နဲ့ စီးပွားရေးအကြပ်အတည်းတွေအတွက် ရေရှည် တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို တောင်းဆိုထားပါတယ်။ 

ပါလီမန်မှာ (၅၄) နေရာရရှိထားတဲ့ Samagi Jana Balawegaya ပါတိက အတိုက်အခံခေါင်း ဆောင် ဆာဂျစ်ပရီ ပရီမတ်ဒါဆာက အစိုးရအဖွဲ့ထဲဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ 

“ကျမတို့ အတိုက်အခံတွေအနေနဲ့ တိုင်းပြည်တည်ငြိမ်အောင်နဲ့ စီးပွားရေးကို ပြန်လည် တည်ဆောက်ဖို့ ခေါင်းဆောင်မှုပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ “သမ္မတသစ်၊ ဝန်ကြီးချုပ် ခန့်အပ်ပြီး အစိုးရဖွဲ့မယ်” လို့ သူကပြောခဲ့ပါတယ်။ 

Ref: Channel News Asis

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.