ကီးယက် – ဇူလိုင်(၁၃) 

ယူကရိန်းတောင်ပိုင်းက ရုရှားတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ နေရာတွေကို တာဝေးပစ်ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှု အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီး တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင် သိမ်းပိုက်ဖို့ စီစဉ်နေတယ်လို့ ယူကရိန်းက ပြောဆိုလိုက်ပါတယ်။ 

ယူကရိန်းရဲ့ ပြောဆိုချက်တွေအရ အဲ့ဒီတိုက်ခိုက်မှုကြောင့် ခါဆွန်ဒေသက ခဲယမ်းမီးကျောက် တွေထိမှန်ခဲ့ပြီး ရုရှားတပ်ဖွဲ့ဝင်(၅၂) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

အမေရိန်ကန်ထုတ် ဟိုင်းမားစ် မိုဘိုင်းအမြှောက်စနစ်တွေ ယူကရိန်းကို ထောက်ပံ့ပေးပြီးနောက် မှာတော့ တပ်ဖွဲ့ဝင်တွေဟာ ပိုမိုထိရောက်စွာ အသုံးပြုနိုင်နေပြီးလို့ ကိဗ်ယက်က ပြောပါတယ်။ 

ယူကရိန်းတိုက်ခိုက်မှုအတွင်း အနည်းဆုံးလူခနစ်ဦးထက်မနည်းသေဆုံးပြီး အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေထိခိုက်ခဲ့တယ်လို့ ခါဆွန်မှာ ရုရှားခန့်အပ်ထားတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။ 

အဲ့ဒီနယ်မြေဟာ အထူးစစ်ဆင်ရေးလို့ဆိုပြီး ရုရှားတပ်တွေ သိမ်းပိုက်ထားတဲ့ ပင်လယ်နက် ဝင်ရောက်မှုအပါအဝင် တချိန်က ထွန်းကားခဲ့တဲ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ခရိုင်းမီးယား မြောက်ဘက် အကွာအဝေးက ဗျူဟာမြောက်အရေးပါတဲ့ နေရာလည်း ဖြစ်ပါတယ်။ 

ယူကရိန်းအစိုးရအရာရှိတွေက စစ်သည်(၁) သိန်းအထိ ကာကွယ်ရေးနဲ့ ရုရှား ထိန်းချုပ်မှု အောက်ရှိ နိုင်ငံတောင်ပိုင်း အစိတ်အပိုင်းတွေကို ပြန်လည်သိမ်းယူနိုင်ရေး ကြိုးပမ်းမှုတို့ဟာ စီးပွားရေးနဲ့ နိုင်ငံရေးအကြောင်းပြချက်တွေအတွက် အရေးကြီးတယ်လို့ ပြောဆိုထားပါတယ်။ 

“ကျွန်ုပ်တို့၏ဒုံးပျံနှင့် အမြောက်တပ်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရန်သူတပ်သား (၅၂) ဦးသေဆုံးပြီး Msta-B ဟော့ဗစ်ဇာ၊ မော်တာတစ်စင်း၊ သံချပ်ကာနှင့် အခြားယာဉ် ခုနစ်စီးအပြင် ခဲယမ်းမီးကျောက်များ သိုလှောင်ရုံတစ်ခု ဆုံးရှုံးခဲ့ကြောင်း” ယူကရိန်းတောင်ပိုင်း စစ်ဌာန ချုပ်ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။ 

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ အတည်မပြုရသေးတဲ့ ဗီဒီယိုတွေမှာတော့ ညကောင်းကင်းယံမှာ ကြီးမားတဲ့ မီးလုံးကြီးတစ်ခု ပေါက်ကွဲသွားခဲ့ပြီး မိုးခိုးတွေနဲ့ မီးပွားတွေအပါအဝင် ပုံတွေမှာ အပျက်အစီးတွေဟာ လမ်းပေါ်ပြန့်ကျဲနေပြိး မီးလောင်ထားတဲ့ အဆောက်အဦးတွေကို ပြသထားပါတယ်။

ရုရှားနိုင်ငံပိုင် မီဒီယာက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ အပျက်အစီးတွေဖုံးလွှမ်းနေပြီး အဆောက်အဦးတွေရဲ့ အကြွင်းအကျန်တွေကို ဖော်ပြထားပါတယ်။ 

ယူကရန်းရဲ့ တိုက်ခိုက်မှုမှာ ဟိုင်းမားစ်ဒုံးကျည်တွေကို အသုံးပြုခဲ့ပြီး ယမ်းမှုန့်တွေပြုလုပ်ရင် အသုံးပြုနိုင်တဲ့ ဓာတုဒြပ်ပေါင်းတွေသိုလှောင်ထားတဲ့ ဂိုဒေါင်တွေပျက်ဆီးခဲ့ပြီး ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့တယ်လို့ ရုရှားကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

“အပျက်အစီးတွေအောက်မှာ လူအများအပြားရှိနေဆဲပါ၊ ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ထားသော်လည်း တစ်ချို့အတော်များများဟာ သူတို့ရဲ့တိုက်ခန်းများနှင့် နေအိမ်များတွင် ပိတ်ဆို့ခံနေရဆဲ” လို့ ရုရှားနိုင်ငံ ခရိုင်စစ်ဘက်-အရပ်ဘက်အုပ်ချုပ်ရေးအကြီး အကဲရဲ့ ပြောဆိုချက်ကိုကိုးကားပြီး TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

ဆိုရှယ်မီဒီယာပေါ်က အတည်မပြုနိုင်သေးတဲ့ သတင်းတွေမှာတော့ အဲ့ဒီတိုက်ခိုက်မှုကြောင့် ရုရှားစစ်တပ်အကြီးတန်းတပ်မှူးအများအပြားသေဆုံးထားတယ်လို့ ပျံ့နှံ့နေပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.