စင်ကာပူ ၊ ဇူလိုင် (၁၃)

ဆော်ဒီကို ရေနံကုမ္ပဏီက ဩဂုတ်လတွင် စာချုပ်ချုပ်ဆိုထားသော ရေနံစိမ်းပမာဏကို အပြည့်အ၀ ပေးဆောင်မည်ဖြစ်ကြောင်းကို မြောက်အာရှဝယ်လက် အနည်းဆုံး (၃) ဦးကို အကြောင်းကြားခဲ့တယ်လို့ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သိရှိသည့် သတင်းရင်းမြစ်များက ဇူလိုင် ၁၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

ဥရောပတွင် ဆော်ဒီရေနံတင်သွင်းသူမရှိသဖြင့် ဆော်ဒီရေနံဝယ်လိုအားတက်နေချိန်မှာ ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့သူအများစုက ဝယ်လက်အချို့ကို အထူးသဖြင့် တရုတ်ဝယ်လက်အများစုကို ရေနံတင်ပို့မှုကို ဖြတ်တောက်လိုက်သဖြင့်  ပိုမိုစျေးပေါသော ရုရှားရေနံသည် ဇူလိုင်လတွင် ကမ္ဘာ့ထိပ်တန်းရေနံတင်သွင်းသူထံသို့ ဦးတည်သွားခဲ့ပါတယ်။  

“စက်သုံးဆီဝယ်လိုအားက အရမ်းအားကောင်းနေပေမယ့် ဒီလဈေးကွက်က တင်းကျပ်နေပုံရတယ်” လို့ စင်ကာပူအခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။ 

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့နှင့် ၎င်းတို့၏မဟာမိတ်များဖြစ်ကြတဲ့ OPEC+ ဟုခေါ်သော အစုအဖွဲ့သည် တစ်လလျှင် စည်ပေါင်း (၆၄၈၀၀၀) (bpd) တိုးမြင့်ရန်နှင့် ယခင်အစီအစဉ်ထက် ဇူလိုင်လနှင့် သြဂုတ်လမှာ တစ်လလျှင် စည်ပေါင်း (၄၃၂,၀၀၀) တိုးမြင့်ဖို့  ဆုံးဖြတ်ခဲ့ကြပါတယ်။ 

အာရှတွင် အဓိက ရေနံတင်သွင်းသူ နှစ်ဦးဖြစ်တဲ့ တရုတ်နှင့် အိန္ဒိယတို့သည် ဆော်ဒီအာရေးဗီးယား အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ထောက်ပံ့မှုများကို ပြန်လည်ဖြတ်တောက်ကာ ရုရှားထံမှ ရေနံစိမ်းများကို ပိုမိုသက်သာတဲ့ လျှော့ဈေးဖြင့် မှာယူနေကြတာဖြစ်ပါတယ်။ 

ဆော်ဒီအာရေဗျသည် ဩဂုတ်လတွင် ၎င်း၏ တရားဝင်ရောင်းချသည့်စျေးနှုန်းများကို အာရှဝယ်လက်များထံ စံချိန်တင်နီးပါးမြင့်မားသည့်အဆင့်သို့ မြှင့်တင်ခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.