ပေါင် ၊ ဇူလိုင် (၁၃)


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖလပ်ဝတ်ကြီးကျေးရွာမှာ ဇူလိုင် ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်လောက်က အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၃ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။


အဲဒီမိန်းကလေး ၃ ဦးဟာ သရက်ဂူတောရ ဘုန်ကြီးကျောင်းမှာ ဥပုဒ်စောင့်နေတဲ့ ဖခင်ဖြစ်သူထံ ဆွမ်းသွားပို့ပြီးအပြန် ကျောက်မိုင်းမြေတူးဖော်ထားတဲ့ ရေကန်အတွင်း ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။


ရေနစ်သေဆုံးခဲ့တဲ့ မိန်းကလေး ၃ ဦး ဆွမ်းသွားပို့ပြီး အိမ်ပြန်မရောက်လာတာကြောင့် သွားရောက်ရှာဖွေစဉ် ရေကန်အနီးမှာ ဆွမ်းဂျိုင့်နဲ့ ဖိနပ်တွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 
အဲဒီနောက်မှာတော့ ရေကန်ထဲ လိုက်လံရှာဖွေရာစဉ် ရေကန်အလယ် ကျောက်တုံးဘေးမှာ မိန်းကလေးငယ် ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည် တွေ့ရှိခဲ့တာပါ။


ရေနစ်သေဆုံးသွားတဲ့သူတွေဟာ အသက် ၉ နှစ်အရွယ်၊ မဖြိုးသီရိ၊ အသက် ၁၁ နှစ်အရွယ် မစိုးပြည့်ပြည့်စံ၊ အသက် ၁၂ နှစ်အရွယ် မခိုင်ဒါသိန်းတို့ဖြစ်ပြီး သူတို့တွေဟာ ဇရစ်ချောင်မူလွန်ကျောင်းမှာ တက်ရောက်သင်ကြားနေတဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။


ရေနစ်သေဆုံးသွားတဲ့ မိန်းကလေးငယ် ၃ ဦးရဲ့ ရုပ်အလောင်းကို ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.