July 13, 2022

ထားဝယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးနိုင်

ထားဝယ် ၊ ဇူလိုင်(၁၃) တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊မဲချောင်းကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပကာရီဘက်ကနေ ထားဝယ်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ကား ၁၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို ထားဝယ်ပြည်သူ့ကာကွယ်ရေး(အေဒင်မှူး)တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။…

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

ကျိုက်ထို ၊ ဇူလိုင်(၁၃) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ ညပိုင်းကစပြီး စစ်ကောင်စီ သိမ်ဇရပ်အမြောက်တပ်ကနေ ဇီးပြောင်းနဲ့ ပျဉ်းကတိုးကုန်းကျေးရွာ အုပ်စုထဲကို လက်နက်ကြီး ၁၂၀…

ဘီးလင်းမှာ ပျူစောထီးခေါင်းဆောင် တစ်ဦး အသတ်ခံရ

ဘီးလင်း ၊ ဇူလိုင် (၁၃) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာက ပျူစောထီးခေါင်းဆောင် မျိုးစည်သူကို ဖမ်းဆီးပြီးနောက် သုတ်သင် ရှင်းလင်းလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ ည ၈ နာရီလောက်က သပြေနီကျေးရွာဘုန်းကြီးကျောင်းအတွင်း ပုန်းခိုနေထိုင်နေတဲ့ ပျူစောထီးခေါင်းဆောင် မျိုးစည်သူကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)နဲ့ PDF…

ပေါင်မြို့နယ်မှာ အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၃ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွား

ပေါင် ၊ ဇူလိုင် (၁၃) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖလပ်ဝတ်ကြီးကျေးရွာမှာ ဇူလိုင် ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်လောက်က အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၃ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီမိန်းကလေး ၃ ဦးဟာ သရက်ဂူတောရ ဘုန်ကြီးကျောင်းမှာ ဥပုဒ်စောင့်နေတဲ့…

စစ်ရေးကြောင့် လွိုင်ကော်-မော်ချီး ကားလမ်း တစ်ပတ် ၃ ရက်သာ သွားလာခွင့်ပြုမယ်လို့ KNDF ထုတ်ပြန်

ဒီးမော့ဆို ၊ ဇူလိုင် (၁၃) နှစ်ဖက် စစ်ရေး အခြေအနေကြောင့် ကယားပြည်နယ် ဒီးမော့ဆို အရှေ့ဖက်ခြမ်းရှိ လွိုင်ကော်- မော်ချီး ကားလမ်းမကြီးကို ဇူလိုင် ၁၁ ရက်နေ့ကစပြီး တစ်ပတ် ၃ ရက်သာ ဖြတ်သန်းသွားလာခွင့်ပြုတော့မယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀ က ထုတ်ပြန်ပါတယ်။ လွိုင်ကော်- မော်ချီး ကားလမ်းမကြီး…

မြန်မာနိုင်ငံမှာ အိုမီခရွန် မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိ ၊ Mask ပြန်တပ်ကြဖို့ စစ်ကောင်စီ ကျန်းမာရေး တိုက်တွန်း

မော်လမြိုင် ၊ ဇူလိုင် (၁၃) မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရက်စ်မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.4 နဲ့ BA.5 တို့ကို တွေ့ရှိထားတာကြောင့် ပြည်သူတွေအနေနဲ့ မဖြစ်မနေ Mask ပြန်တပ်ပေးကြဖို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီဌာနဟာ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က မျိုးရိုးဗီဇပြောင်းရောဂါပိုး…

မြောက်အာရှ ရေနံချက်လုပ်သူများ ဆော်ဒီ၏ ရေနံစိမ်းခွဲဝေမှုကို သြဂုတ်လတွင် အပြည့်အဝ လက်ခံရရှိမည်

စင်ကာပူ ၊ ဇူလိုင် (၁၃) ဆော်ဒီကို ရေနံကုမ္ပဏီက ဩဂုတ်လတွင် စာချုပ်ချုပ်ဆိုထားသော ရေနံစိမ်းပမာဏကို အပြည့်အ၀ ပေးဆောင်မည်ဖြစ်ကြောင်းကို မြောက်အာရှဝယ်လက် အနည်းဆုံး (၃) ဦးကို အကြောင်းကြားခဲ့တယ်လို့ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သိရှိသည့် သတင်းရင်းမြစ်များက ဇူလိုင် ၁၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဥရောပတွင် ဆော်ဒီရေနံတင်သွင်းသူမရှိသဖြင့် ဆော်ဒီရေနံဝယ်လိုအားတက်နေချိန်မှာ ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့သူအများစုက ဝယ်လက်အချို့ကို အထူးသဖြင့် တရုတ်ဝယ်လက်အများစုကို…

ရုရှားထိန်းချုပ်ထားတဲ့နေရာတွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းပြန်လည်ပစ်ခတ်

ကီးယက် – ဇူလိုင်(၁၃) ယူကရိန်းတောင်ပိုင်းက ရုရှားတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ နေရာတွေကို တာဝေးပစ်ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှု အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီး တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင် သိမ်းပိုက်ဖို့ စီစဉ်နေတယ်လို့ ယူကရိန်းက ပြောဆိုလိုက်ပါတယ်။ ယူကရိန်းရဲ့ ပြောဆိုချက်တွေအရ အဲ့ဒီတိုက်ခိုက်မှုကြောင့် ခါဆွန်ဒေသက ခဲယမ်းမီးကျောက် တွေထိမှန်ခဲ့ပြီး ရုရှားတပ်ဖွဲ့ဝင်(၅၂) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အမေရိန်ကန်ထုတ် ဟိုင်းမားစ် မိုဘိုင်းအမြှောက်စနစ်တွေ…

သီရိလင်္ကာနိုင်ငံရဲ့ သမ္မတအသစ်ကို လာမယ့် သီတင်းပတ်အတွက် ကြေညာဖွယ်ရှိနေ

ကိုလံဘို – ဇူလိုင်(၁၃) သီရိလင်္ကာပါလီမန်က လာမယ်ဇူလိုင်လ(၂၀) ရက်နေ့မှာ သမ္မတသစ်တစ်ဦးကို ရွေးကောက် တင်မြှောက်မယ်လို့ ပါလီမန်ဥက္ကဌ က ဇူလိုင်လ(၁၁) ရက်နေ့က အသိပေးပြောဆိုခဲ့ပါတယ်။ တမီလ်ကျားသူပုန်တွေဖြိုခွင့်မှဒကို ကြီးကြပ်ကွပ်ကဲခဲ့တဲ့ သမ္မတ Gotabaya Rajapaksa ဟာ ကာကွယ်ရေးအတွင်းဝန်အဖြစ် ဇူလိုင်လ(၁၃) ရက်နေ့မှာ ရာထူးကနှုတ်ထွက်မှာဖြစ်ပြီး သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဗြိတိန်နိုင်ငံကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး…