နေပြည်တော် – ဇူလိုင်(၅) 

တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး အကြိမ်လာရောက်ပြီး ဒေသန္တရ အစည်းအဝေးတစ်ခုကို တက်ရောက်မှာဖြစ်ကာ စစ်ကောင်စီက တော့ဒီခရီးစဉ်ဟာ သူတို့ရဲ့ တရားဝင်မှုကို ဖော်ပြတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ 

မြန်မာ၊လာအို၊ထိုင်း၊ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာဖြစ်တဲ့ ပုဂံမြို့လယ်မှာ လန်ချန်း-မဲခေါင် ပူးပေါင်းဆာင်ရွက်ရေးအဖွဲ့ က ဒီအစည်းအဝေးကို ဦးဆောင်ကျင်းပတာပါ။ 

တရုတ်ဦးဆောင်တဲ့ အဲ့ဒီအဖွဲ့ဟာ ရေစီးကြောင်းပြောင်းလဲမှုနဲ့ ဂေဟစနစ် ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေက အလားအလာရှိတဲ့ စွမ်းအင်အရင်းအမြစ်တစ်ရပ် ကို ရရှိစေဖို့ မဲခေါင်မြစ်ဝကျွန်းပေါ်အနီးက နိုင်ငံတွေပါဝင်ပြီး တရုတ်က မဲခေါင်မြစ်အထက်ပိုင်း တစ်လျှောက်မှာ လန်းကန်လို့ခေါတဲ့  ရေကာတာ (၁၀) ခုတည်ဆောက်ထားပါတယ်။ 

“ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခြားသောနိုင်ငံများမှ ဝန်ကြီး တွေ တက်ရောက်တာဟာ မြန်မာ့ အချုပ်အခြာအာဏာနဲ့ အစိုးရကို အသိအမှတ်ပြုခြင်း ဖြစ်တယ်” လို့ တပ်မတော်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ 

ဒါ့အပြင် ဝန်ကြီးတွေရဲ့ နားလည်မှုစာချွန်လွှာနဲ့ စာချုပ်တွေကို လက်မှတ်ရေးထိုးသွားဖို့ ရှိတယ်လို့ ပြောဆိုထားပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ထားပါတယ်။ 

၂၀၂၁ ခုနှစ်ဖော်ဖော်ဝါရီလ(၁) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံစိုးရဆီကနေ တပ်မတော်က လက်နက်နဲ့ အကြမ်းဖက်အာဏာသိမ်းခဲ့ပြီးနောက် အကြမ်းမဖက်တဲ့ ဆန္ဒပြပွဲတွေ ကိုလည်း စစ်တပ်က လက်နက်နဲ့ ဖြေရှင်းခဲ့တဲ့အတွက် လက်ရှိအချိန်မှာတော့ ကုလသမဂ္ဂ ကျွမ်းကျင်သူတချို့က ပြည်တွင်းစစ်လို့ ထင်မြင်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးစတင်ခဲ့ ပါတယ်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ပြုစုထားတဲ့ အသေးစိတ်စာရင်း အရ တော်လှန်ရေးလှုပ်ရှားမှုကို စစ်တပ်ကအကြမ်းဖက်ဖြိုခွဲခဲ့လို့ အရပ်သားပြည်သူ (၂၀၅၃) ဦး သေဆုံးထားတယ်လို့ ဖော်ပြထားပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ဟာ စစ်တပ်အာဏာမသိမ်းချင် သုံးပတ်အလိုက ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ်လာရောက်ထားပါတယ်။ 

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုတ်သွယ်ဘက်နိုင်ငံဖြစ်သလို မဟာမိတ်ဟောင်း ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ မိုင်းတွင်း၊ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေနဲ့ တခြားသော အခြေခံ အဆောက်အဦးတွေမှာ ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နံထားသလို ရုရှားနဲ့ အတူ သူတို့ရဲ့ စစ်လက်နက်ပစ္စည်းတွေ အဓိက ရောင်းချသူလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ရှုတ်ချဖို့ ငြင်းဆိုထားပြီး စစ်တပ်ရဲ့ အာဏာ သိမ်းမှုကို ထောက်ခံနေတယ်လို့ သံသယရှိနေပြီး သူတို့ကတော့ တခြားနိုင်ငံတွေရဲ့ ကိစ္စရပ်တွေ မှာဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို လိုက်နာတာဖြစ်တယ်လို့ တရုတ်ိုင်ငံက ဆိုထားပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ မြန်မာ့အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီးက ပုဂံအစည်းအဝေးမှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဘယ်လိုကိစ္စရပ််တွေ ဖြစ်ဖြစ် ပြည်သူ့ဆန္ဒကို ဖောက်ဖျက်ကာ လူမှုအသိုက်အဝန်းတည်ဆောက်ရေးကို ထိခိုက်စေ တယ်လို့ ပြောဆိုထားပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပတာဟာ အရှေ့တောင်အာရှ နိုင်ငံများအသင်းအာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို တိုက်ရိုက်ဆန့်ကျင်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။ 

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဘုံသဘောတူညီချက်(၅) ရပ်ကို အကောင်အထည် ဖော်ဖို့ အနည်းငယ်သာလုပ်ဆောင်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အစိုးရခေါင်းဆောင်တွေက တော့ အာဏာသိမ်းစစ်အုပ်စုကို အာဆီယံအစည်းအဝေးတွေမတက်ရောက်ဖို့ ပိတ့်ဆို့တားဆီး မှုတွေ ပြုလုပ်ထားပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်းမသိရေသးပါဘူး။

Ref :Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.