FILE PHOTO: 2023 Toyota bZ4X all-electric SUV is displayed during the 2021 LA Auto Show in Los Angeles, California, U.S. November, 17, 2021. REUTERS/Mike Blake

နယူးဒေလီ – ဇူလိုင်(၄) 

Toyota Motor Corp ဟာ အိန္ဒိယနိုင်ငံမှာ သူတို့ရဲ့ ပထမဆုံး စျေးကွက်အတွက် ဟိုက်ဘရစ်ကား (Sport utility Vehicle (SUV) ) ကို ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

Suzuki Motor Corp နဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖြစ် တိုယိုတာက တည်ဆောက်မယ့် ပထမဆုံး Urban Crusier Hyryder SUV ဟာ Hyundai Motor Co နဲ့ Kia Motor Corp တို့နဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး အိန္ဒိယမှာ မော်တော်ယာဉ်ရောင်းချမှုတွေအတွက် အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ 

မော်ဒယ်အသစ်ဟာ အိန္ဒိယနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားရရှိထားတဲ့ အော်တိုနေရာက ကုမ္ပဏီ အတွက် ပြောင်းလဲမှုတစ်ခုဖြစ်လာဖို့ရှိတယ်လို့ ပြည်တွင်းယူနစ် Toyota Kitloskar Motor ရဲ့ ဒုတိယဥက္ကဌ Vikram Kiloskar က နယူးဒေလီက မိတ်ဆက်ပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။ 

ရင်းနှီးမြှုပ်နှံသူတွေက ကားထုတ်လုပ်သူကို လျှပ်စစ်ကားတွေထုတ်လုပ်ဖို့အတွက် ပြောင်းလဲဖို့ နှေးကွေးမှုတွေအပေါ် ဝေဖန်နေကြပေမယ့် စမ်းအင်ရောနှောမှုနဲ့ ဒေသလိုအပ်ချက်အပေါ်မှုတည် ပြီး ဟိုက်ဘရစ်တွေဟာ ပိုမိုအဓိပ္ပါယ်ရှိလာမှာဖြစ်တယ်လို့ Toyota က ယုံကြည်ထားပါတယ်။ 

အိန္ဒိယက ကားထုတ်လုပ်သူတွေဟာ လျှပ်စစ်မော်ဒယ်လ်တွေ ပိုမိုတည်ဆောက်ဖို့ လိုလာပေမယ့် လက်ရှိအချိန်ထိ အဲ့ဒီကားတွေအတွက် သုံးစွဲမှာ နှေးကွေးနေပြီး TaTa Motors တွေသာ ပြည်တွင်း မှာထုတ်လုပ်နေတာပါ။ 

အိန္ဒိယရဲ့ အကြီးမားဆုံး ကားထုတ်လုပ်သူ Maruti Suzuki က သူတို့ဟာ ၂၀၂၅ ခုနှစ်မတိုင်မီ လျှပ်စားအားလုံးကို မိတ်ဆက်ပေးမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

တိုယိုတာဟာ အိန္ဒိယနိုင်ငံမှာ Camry sedan နဲ့ Velifire လို ပရီမီယံမော်ဒယ်တွေမှာ အားကောင်း တဲ့ ဟိုက်ဘရစ်ပါဝါနဲ့ ထုတ်လုပ်ထားကြတယ်လို့ သိရပါတယ်။ 

SUV အသစ်ဟာ ဓာတ်ဆီသုံးကားထက် 40% မှ 50% ဆီစားသက်သာပြီး ကာဗွန်ထုတ်လွှတ်မှု 30% လျှော့ချဖို့ မျှော်လင့်ထားတယ်လို့  Toyota က ပြောဆိုထားပါတယ်။ 

ဒါပေမယ့် တိုယိုတာရဲ့ စျေးနှုန်းနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ စိန်ခေါ်မှုမှာ အိန္ဒိယအစိုးရက ဟိုက်ဘရစ်ကားတွေအပေါ်မှာ ၂၈% ကနေ ၄၃%    ကြား ကောက်ခံတဲ့အခွန်တွေ မြင့်မား လာတယ်လို့ သိရပါတယ်။ 

အိန္ဒိယတောင်ပိုင်း Karnataka ပြည်နယ်က တိုယိုတာ စက်ရုံမှာ ထုတ်လုပ်မယ့် SUV ကို အိန္ဒိယနဲ့ အာဖရိကအပါအဝင် တခြားသော ကမ္ဘာ့စျေးကွက်တွေမှာ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Suzuki ကတော့ အိန္ဒိယတောင်ပိုင်းက Toyotaရဲ့ လုပ်ငန်းလည်ပတ်မှုမှ SUV ကားကို သူတို့ရဲ့ ကိုယ်ပိုင်တံဆိပ်အောက်ကနေသာ ရောင်းချမှာဖြစ်ပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.