ကီးယက် – ဇူလိုင်(၃) 

ကုလသမဂ္ဂယဉ်ကျေးမှုဆိုင်ရာအေဂျင်စီက ထိန်းသိမ်းစောင့်ရှောက်ထားရမယ့်စာရင်းထဲမှာ ယူကရိန်းရိုးရာ  ကြက်သွေးရောင်ဟင်းရည် ဘော့ရှ်ချ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ထည့်သွင်းလိုက်တဲ့ အတွက် ရုရှားနဲ့ ယူကရိန်းတို့ရဲ့ သက်တမ်းရင့်အချက်အပြုတ်ဆိုင်ရာ အငြင်းပွားမှု အဆုံးသတ် သွားခဲ့ပါတယ်။ 

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ဒါဇင်နဲ့ချီတဲ့ နိုင်ငံရဲ့ အမွေအနှစ်တွေပျက်ဆီးခဲ့ရပြီးနောက် ပဲရစ်အခြေစိုက် ယူနက်စကိုက အန္တရာယ်ကျရောက်နိုင်ခြေရှိနေတဲ့ ကြက်သွေးရောင်ဟင်းရည် ဘော့ရှ်ချ်ကိုယူကရိန်းနိုင်ငံရဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တခုအဖြစ်စာရင်းမှာ ထည့်သွင်း လိုက်တာပါ။ 

ယူကရိန်းယဉ်ကျေးမှုဝန်ကြီးက စစ်ပွဲမှာ ဘော့ရှ်ချ်ရဲ့ အောင်ပွဲက ငါတို့အတွက်ပဲ ဘော့ရှ်ချ် အတွက်ရော ဒီစစ်ပွဲမှာပါ ငါတို့အနိုင်ရမယ်ဆိုတာ သေချာပါတယ်လို့ လူမှုကွန်ယက်စာမျက်နှာ မှာရေးသားထားပါတယ်။ 

ရုရှားနိုင်ငံမှာလည်း အမျိုးသားရေးအမှတ်သင်္ကေတအဖြစ် ရေပန်းစားတဲ့ ၎င်းရိုးရားဟင်းပွဲအတွက် အကာအကွယ်ပေးခဲ့တာနဲ့ပတ်သက်ပြီး မော်စကိုက ဝေဖန်ထားပါတယ်။  

“ကျွန်တော်တို့ရဲ့  ဘော့ရှ်ချ်ကတော့ အကာအကွယ်ပေးဖို့ မလိုအပ်ပါဘူး၊ ဒါပေမယ့် ပန်းကန်လုံးထဲမှာ ချက်ချင်း အပြီးအစီး ဖျက်ဆီးခံရမှာပါ” လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဘော့ရှ်ချ်ဟာ ရုရှား၊ဘီလာရုစ်၊ယူကရိန်း၊ပိုလန်၊ရိုမေနီးယား၊မောလ်ဒိုဗာနဲ့ လစ်သူယေနီးယားအပါအဝင် နိုင်ငံအများစုရဲ့ အမျိုးသားရေးအစားအစာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ရုရှားသံရုံးရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ 

ယူနက်စကိုရဲ့ ကြေငြာချက်ကြောင့် ယူကရိန်းဟာ ဟင်းပွဲတွေကို ထိန်းသိမ်းကာကွယ်မယ့် ပရောဂျက်တွေအတွက် အထူးရန်ပုံငွေတွေလျှောက်ထားနိုင်ပြီလို့ ပါရီမြို့က ယူနက်စကို ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောဆိုခဲ့ပါတယ်။ 

သိပ္ပံပညာရှင်တစ်ဦးကလည်း ဒီဆုံးဖြတ်ချက်ဟာ ရုရှားကို အနိုင်ရတာဖြစ်ပြီး အထူးသဖြင့် သွေးစွန်းတဲ့ စစ်ပွဲရဲ့ (၅) လမြောက်မှာ ထူးခြားတဲ့ အောင်ပွဲတစ်ခုလို့ မှတ်ချက်ပြုထားပါတယ်။ 

“ရုရှားဟာ ကျွန်တော်တို့ရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုဟင်းလျာတွေကို အမြဲတမ်း ခိုးယူချင်နေတဲ့အတွက်ကြောင့် ဒါဟာ ယူကရိန်းအတွက်အောင်ပွဲတစ်ခုပါပဲ” လို့ သူမက ရိုက်တာပြောခဲ့တာပါ။ 

ကိဗ်ယက်မြို့အလယ်ပိုင်းက စားသောက်ဆိုင်တစ်ဆိုင်ရဲ့ စားဖိုမှူးတစ်ဦးကတော့ ဘော့ရှ်ချ်ဟင်း ရည်ပွဲဟာ အမျိုးအစားများစွာရှိပြီး ရိုးရာ အနီရောင်မုန်လာဥအမျိုးမျိုး၊မှော်ချဉ်ပင်နဲ့ ပြုလုပ်ထားတဲ့ အစိမ်းရောင်ဘော့ရှ်ချ်နဲ့ ငါးကို အခြေခံပြီးလုပ်ထားတဲ့ အမျိုးအစားတွေ ရှိတယ် လို့ရှင်းပြထားပြီး အားလုံးဟာ ယူကရိန်းနိုင်ငံသားတွေရဲ့ ပြုလုပ်ချက်တွေဖြစ်တယ်လို့ ပြောဆို ထားပါတယ်။ 

“ဟုတ်ပါတယ် ဘော့ရှ်ချ်က ယူကရိန်းအမွေအနှစ်ပါ၊ အရသာရှိတဲ့ ဘော့ရှ်ချ်ကို ပြင်ဆင်ဖို့ အတွက် အဓိကလိုအပ်တာက ယူကရိန်းစစ်စစ်ပုံစံ ပြင်ဆင်ဖို့နဲ့ အရသာပါပဲ” လို့ သူကပြောပါတယ်။ 

ဘော့ရှ်ချ် ဟင်းပွဲကို ရုရှားဟင်းပွဲအဖြစ်ရည်ညွှန်းတဲ့ ကမ္ဘာတစ်ဝှမ်းက စားသောက်ဆိုင်တွေက ယူကရိန်းစားဖိုမှူးတစ်ဦးရဲ့ ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဟင်းလျာနဲ့ ဆက်စပ်မှုတွေကို ယူနက် စကိုက အသိအမှတ်ပြုဖို့ ကမ်းပိန်းတစ်ခု စတင်ချိန်မှာ ဘော့ရှ်ချ်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှု တွေဟာ လူထုကြားထဲ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ 

ယူနက်စကိုရဲ့ ကြေငြာချက်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေပေမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ ပျောက်ကွယ်လုနီး ပါးဖြစ်နေတဲ့ ဓလေ့ကို အသိအမှတ်ပြုဖို့ အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက်စေဖို့ ကူညီပေးနိုင်ခဲ့တဲ့အတွက် ယူကရိန်း ဘော့ရှ်ချ် ဟာ အခုချိန်မှာ တခြားနိုင်ငံတွေရဲ့ ဟင်းပွဲအပေါ် အောင်မြင်မှုရှိသွားပြီဖြစ်တယ် လို့ ယူနက်စကိုက ပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.