ဘန်ကောက် – ဇူလိုင်(၃) 

ထိုင်းနိုင်ငံဖို့ဖရာခရိုင်ကို ကျော်လွန်ပြီး ထိုင်းလေပိုက်နက်ထဲကို မြန်မာဂျက်ဖိုက်တာလေယာဉ် တစ်စီးကျော်လွန်ဝင်ရောက်လာတဲ့အတွက် ထိုင်းနိုင်ငံကို မြန်မာဘက်က တောင်းပန်ထားတယ် လို့ ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာက ပြောပါတယ်။ 

ဒီကိစ္စဟာ ရေးကြီးခွင်ကျယ်မဟုတ်ပဲ နှစ်နိုင်ငံဆက်ဆက်ရေး ဟာလည်း အရင်အတိုင်းကောင်း တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။ 

“စစ်ဘက်ဆိုင်ရာတွဲဖက်တာဝန်ခံများဟာ အချင်းချင်းပြောဆိုခဲ့ကြတယ်။ တောင်းပန်ခဲ့ကြ တယ်။ ကျွန်ုပ် သူတို့နဲ့ ပြောဆိုပြီးပါပြီး။ ဒီအရာဟာ သိပ်ကို ကြီးတဲ့ကိစ္စလို့ ထင်ရပေမယ့် ကျွန်ုပ်တို့ ဘယ်လိုပုံဖော်နေကြသလဲဆိုတဲ့အပေါ်မှာ မူတည်နေတာပါ။ လက်ရှိအားဖြင့် နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေနဲ့ရှိကြတယ်။ ပြဿနာတွေရှိလာတဲ့အခါ စကားပြောနိုင်ကြတယ်။အရေးကြီးဆုံးကိစ္စကတော့ ကျွန်ုပ်တို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်တွေရှိနေဖို့ပါပဲ။ အနာဂတ်ကာလမှာ ကျွန်ုပ်တို့ရဲ့ ကာကွယ်ရေးစွမ်းဆောင်မှုတွေက အားကောင်းခိုင်မာရေး၊ ခေတ်မီရေးကို သေချာအောင် ဆောင်ရွက်ဖို့ပါပဲ” လို့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရရွတ်ကပြောခဲ့ပါတယ်။ 

ဒါ့အပြင် မြန်မာအာဏာပိုင်တွေကို အသိပေးခဲ့ပြီး သူတို့ကလည်း ထိုင်းလေပိုင်နက်အတွင်း ဝင်ရောက်ခဲ့တဲ့အပေါ်တောင်းပန်စကားဆိုထားခဲ့တယ်လို့ သူက ပြောပါသေးတယ်။ 

ထိုင်းတော်ဝင်လေတပ်(Royal Thai Air Force-RTAF) အနေနဲ့ မြန်မာစစ်တပ်ရဲ့ Mig-29 ဂျက်လေယာဉ်ဝင်ရောက်ပျံသန်းမှုကို တုံ့ပြန်မှုနှေးကွေးတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကို ထိုင်းလေတပ်အကြီးအကဲက ပယ်ချထားပါတယ်။ 

“တစ်ခါတစ်လေမှာ ကျွန်ုပ်တို့က ‌အရှိန်ကို ခန့်မှန်းလို့ ခက်ပါတယ်။ စိတ်အေး အေးထားပြီး ဆောက်ရွက်ခြင်းကသာ အချက်အလက်ကျတာမျိုးပါ။ ကိစ္စကြီးကြီးငယ်ငယ် ကျွန်ုပ်တို့ အရေးတယူပြုဆောင်ရွက်ရပါမယ်။ တိကျတဲ့ အခြေအနေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်းကလည်း လိုအပ်ပါတယ်” လို့ ထိုင်းလေတပ်အကြီးအကဲက ပြောခဲ့ပါတယ်။ 

ထိုင်းတော်ဝင်လေတပ်အနေနဲ့ နိုင်ငံရပ်ခြားက လေယာဉ်တွေနယ်ကျော်ဝင်ရောက်ပျံသန်းတာ တွေအတွက်လည်း စစ်ဆေးထောက်လှမ်းနိုင်တဲ့ ရေဒါစနစ် ရှိတယ်လို့ သူက ပြောပါသေးတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ(၃၀) ရက်နေ့က ထိုင်းလေပိုင်နက်ထဲကို မြန်မာစစ်တပ်ရဲ့ Mig-29 ဂျက်လေယာဉ် ဝင်ရောက်လာခဲ့လို့ ထိုင်းတော်ဝင်လေတပ်ရဲ့ F-16 တိုက်လေယာဉ်နှစ်စီးဟာ တာခ့်ခရိုင်ဒေသန္တရ  ဖိုဖရာခရိုင်ခွဲရဲ့ နယ်စပ်တလျှောက် စောင့်ကြပ်ဖို့ ပျံသန်းခဲ့တာပါ။ 

သတင်းရင်းမြစ်တစ်ခုကတော့ ဝန်ကြီးချုပ်ပရရွတ်ဟာ ထိုင်းတော်ဝင်လေတပ်အကြီးအကဲနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး အဲ့ဒီလိုကိစ္စရပ်တွေအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြားခံပြီး မြန်မာ ဘက်ကို ပြောဆိုဖို့ ထိုင်းတော်ဝင်လေတပ်ကို ဝန်ကြီးချုပ်က တောင်းဆိုထားတယ်လို့ သိရပါတယ်။ 

ဆာခုန်နခုန်ခရိုင်ဒေသန္တရ ကိုယ်စားပြု ဖီယူထိုင်းပါတီလွှတ်တော်အမတ် နီယွမ်ဗချ်ကာမာ က ထိုင်းလေပိုင်နက် ကျူးကျော်ခံရတဲ့ ကိစ္စဟာ အသေးစားပြဿနာမဟုတ်ဘူးလို့ ပါလီမန်မှာ ပြော ဆိုထားပါတယ်။ 

“တော်ဝင်လေတပ်ကနေပြီးတော့ ဖြောင့်ချက်တစုံတရာ ပေးရလောက်တဲ့အထိ ထိုင်းကာကွယ် ရေးဝန်ကြီးဌာနက ခွင့်ပြု မပေးသင့်ပါဘူး။ အမျိုးသားလုံခြုံရေးကို အဓိကထားပြီးတော့သာ အများပြည်သူကို ရှင်းလင်းချက်တစ်ရပ် ပေးသင့်ပါတယ်” လို့ လွှတ်တော်အမတ် နီယွမ်ဗချ်ကာ မာ က ပြောခဲ့ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ Move Forward ပါတီအမတ်တစ်ဦးကလည်း လေပိုင်နက်ကျူးကျော်ခံရတာဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်ပြီး တော်ဝင်လေတပ်အနေနဲ့ မြန်မာစစ်တပ်က ထိုင်းလေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ချိန်မှာ နှေးကွေးစွာ တုံ့ပြန်ဆောင်ရွက်ခဲ့အတဲ့ အတွက် ဝေဖန်ထားပြီး အိမ်နီးချင်းနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့အတွက် အစိုးရအနေနဲ့ ကြိုးပမ်း အားထုတ်သင့်တယ်လို့လည်း ထောက်ပြပြောဆိုထားပါတယ်။ 

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.