ပြုံးယမ်း ၊ ဇူလိုင် (၃)

တောင်ကိုးရီးယားနယ်စပ်အနီးရှိ “ဂြိုလ်သားပစ္စည်း” ကိုထိမိသူတွေဟာ ကိုရိုနာဗိုင်းရပ် ပထမဆုံးကူးစက်ခံသူများဖြစ်ကြောင်း မြောက်ကိုရီးယားက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ 

ဧပြီလအစောပိုင်းတွင် နယ်စပ်အနီး ခွမ်းဂမ်းခရိုင်အရှေ့ပိုင်းမှာရှိတဲ့ တန်းလျားများနှင့် လူနေရပ်ကွက်တွေနားက  တောင်ကုန်းတစ်ခုပေါ်မှာ အသက် ၁၈ နှစ်အရွယ် စစ်သားတစ်ဦးနှင့် အသက် ၅ နှစ်အရွယ် KG ကျောင်းသားတစ်ဦးတို့ “ဂြိုလ်သားပစ္စည်းတွေနဲ့ ထိတွေ့ခဲ့သည်” ဟု နိုင်ငံပိုင်KNCA သတင်းဌာနက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်းမှာ သူတို့တွေ ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သတင်းအေဂျင်စီက ပြောပါတယ်။ 

နယ်စပ်မျဉ်းနှင့် နယ်နိမိတ်တစ်လျှောက်ရှိ ဧရိယာများတွင် လေနှင့် အခြားရာသီဥတုဖြစ်စဉ်များမှ ပျံလာခဲ့တဲ့ မိုးပျံပူဖောင်းများကို သတိပြုကိုင်တွယ်ဖို့ မြောက်ကိုရီးယားနိုင်ငံသားများအား နိုင်ငံရဲ့ ကျန်းမာရေးအာဏာပိုင်များက သတိပေးစာထုတ်ပြန်ထားပါသေးတယ်။ 

ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုဟာ တောင်ဘက်ကလာတဲ့ ထိုကဲ့သို့သောပစ္စည်းများနှင့် ဆက်နွှယ်မှုမရှိကြောင်း မြောက်ကိုရီးယားရဲ့ ပြောဆိုချက်ကို တောင်ကိုးရီးယားအစိုးရ ချက်ချင်းပယ်ချခဲ့တယ်လို့ ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ 

မေလ ၁၂ ရက်နေ့က မြောက်ကိုရီးယားရဲ့ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစပြီး ၎င်းရဲ့ ပထမဆုံး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အစီရင်ခံခဲ့ကာ ကင်ဂျုံအွန်က နိုင်ငံတစ်ဝှမ်းရှိ မြို့များနှင့် ခရိုင်အားလုံးကို သေချာစွာပိတ်ဆို့ထားရန် တာဝန်ရှိသူများကို ညွှန်ကြားခဲ့ပါတယ်။ 

ပြီးခဲ့သော ၂၄ နာရီအတွင်း ဖျားနာသူအသစ် (၄၅၀၀) ခန့်ရှိသည်ကို အတည်ပြုခဲ့ပြီး ဧပြီလနှောင်းပိုင်းမှစ၍ စုစုပေါင်း (၄.၇၄) သန်းအထိ ရှိလာခဲ့ကြောင်း မြောက်ကိုရီးယားက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

 နိုင်ငံအတွင်း ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံထားသူ တစ်ယောက်မျှမရှိနိုင်ဟု ယုံကြည်ရပြီး ရောဂါရဲ့ အမှန်တကယ် သက်ရောက်မှုအတိုင်းအတာကို အကဲဖြတ်ရန်လည်း အလွန်ခက်ခဲနေတာဖြစ်ပါတယ်။ 

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.