ကိုလံဘို – ဇူလိုင်(၁)
နိုင်ငံရဲ့စီပွားရေးပြိုလဲနေချိန်မှာ လိုအပ်ချက်တွေထဲက တစ်ခုပါအဝင်ဖြစ်တဲ့ လောင်စာဆီ အတွက်ညှိနှိုင်းဖို့ သီရိလင်္ကာအစိုးရ ဝန်ကြီးနှစ်ဦးကို ရုရှားနိုင်ငံကို စေလွှတ်လိုက်ပါတယ်။
ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့လို့ ရုရှားရဲ့ စွမ်းအင်တင်သွင်းမှုတွေကို ဖြတ်တောက်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေက ဆောင်ရွက်ထားကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက်လာပြီး ရုရှားရေနံစိမ်း ကိုလျှော့စျေးနဲ့ ဝယ်ယူလိုတဲ့ နိုင်ငံတွေလည်းရှိနေပါတယ်။
သီရိလင်္ကာစွမ်းအင်ဝန်ကြီး Kanchana Wijesekera က ဝန်ကြီးနှစ်ဦးဟာ ရုရှားနိုင်ငံကို သွားရောက်ပြီး လောင်စာဆီတိုက်ရိုက်ဝယ်ယူဖို့အတွက် အာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့ လောင်စာဆီ တန်းစီတာတွေမပြုလုပ်ဖို့ တိုက်တွန်းထားပြီး သိုလှောင်ရုံတွေ က အကန့်အသတ်နဲ့ လာမယ့်အပတ်ကစပြီးဆီဆိုင်တွေကို ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ သိ ရပါတယ်။
“အများပြည်သူသယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားပေးစက်များနှင့် စက်မှုလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်မည်” လို့ သီရိလင်္ကာစွမ်းအင်ဝန်ကြီး Kanchana Wijesekera က ပြောပါ တယ်။
လက်ရှိအချိန်မှာတော့ ဒေသခံတွေဟာ လောင်စာဆီရရှိဖို့ ရက်ပေါင်းများစွာ တန်းစီနေရပြီး အိမ်ရှင်မတွေအနေနဲ့ မီးသွေးအသုံးပြုပြီး ချက်ပြုတ်ရတာတွေရှိနေတာပါ။
သီရိလင်္ကာနိုင်ငံဟာ တခြားတောင်အာရှနိုင်ငံတွေလိုပဲ ယူကရိန်းရုရှားစစ်ပွဲမှာ ကြားနေအဖြစ် ရှိနေပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရုရှားနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်နဲ့ လောင်စာဆီ ရောင်းချဖို့ အစီအစဉ်တွေပြုလုပ်နေတာရှိတယ်လို့ သိရပါတယ်။
“ရုရှားအစိုးရ ဒါမှမဟုတ် ရုရှားကုမ္ပဏီတွေဆီ တိုက်ရိုက်ဝယ်ယူနိုင်ရင် ကျွန်တော်တို့အတွက် အားသာချက်ရှိပါတယ်။ ဆွေးနွေးမှုတွေ ရှိပါတယ်” လို့ သီရိလင်္ကာစွမ်းအင်ဝန်ကြီး Kanchana Wijesekera က သတင်းထောက်တွေကို ပြောဆိုထားပါတယ်။
လောင်စာဆီပြတ်တောက်မှုတွေကြောင့် မကြာသေးခင်က အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေဖြစ် ပေါ်ခဲ့ပြီး အစိုးရကတော့ လောင်စာဆီဆိုင်တွေမှာ ရဲနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို လုံခြုံရေး ယူခိုင်းထားပါတယ်။
ပြီးခဲ့တဲ့လက သီရိလင်္ကာနိုင်ငံရဲ့ လောင်စာထုတ်ရေနံစိမ်းသန့်စင်စက်ရုံ ပြန်လည်စတင်ဖို့ ရုရှားရေနံစိမ်းတင်ပို့မှုမက်ထရစ်တန် (၉၀၀၀၀) တန်ချိန်(၉၉၀၀၀) ကို ဝယ်ယူထားတယ်လို့ သိရပါတယ်။
ဇွန်လလယ်က ပြုလုပ်ခဲ့တဲ့ The Associated Press နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဝန်ကြီးချုပ် Ranil Wickremesinghe က သီရိလင်္ကာနိုင်ငံဟာ ရုရှားဆီကရေနံဝယ်ယူဖို့နဲ့ အရှေ့အလယ်ပိုင်းက ပုံမှန် ရောင်းချသူတွေဆီက ရေနံနဲ့ ကျောက်မီးသွေးရယူဖို့ ကြိုးပမ်းနေတာလည်း ရှိတယ်လို့ ပြော ဆို ထားပါတယ်။
“တခြားရင်းမြစ်ကနေ ရနိုင်ရင် အဲဒီကနေ ရလိမ့်မယ်။ မဟုတ်ရင်ရုရှားကို နောက်တစ်ခေါက် သွားရမှာ” ဟု ဝန်ကြီးချုပ်ကပြောခဲ့ပါတယ်။
အစိုးရပိုင် Ceylon Petroleum Corporation ဟာ အကြွေးဒေါ်လာ သန်း(၇၀၀) ရှိနေတဲ့ အတွက် တခြားနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက လောင်စာဆီပံ့ပိုးဖို့ ဆန္ဒမရှိဖြစ်နေကြတယ်လို့ ဝန်ကြီးချုပ် က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောဆိုထားပါတယ်။
အစိုးရပိုင် ကော်ပိုရေးရှင်းက ဓာတ်ဆီတစ်လီတာကို သီရိလင်္ကာရူပီး (၂၂) ရာခိုင်နှုန်း(တစ်ဂါလံ ၅.၈၀ ဒေါ်လာ) အထိမြင့်တက်ထားပြီး ဒီဇယ်တစ်လီတာကို (၁၅) ရာခိုင်နှုန်း( တစ်ဂါလံ ၄.၉၅ ဒေါ်လာ) မြင့်တက်နေတာပါ။
ဝန်ကြီးနှစ်ဦးကို ရုရှားကို စေလွတ်မယ့် ခရီးစဉ်ဟာ ကမ္ဘာ့လောင်စာဆီ စျေးနှုန်းတွေနဲ့ တူညီ ဖို့ ရည်ရွယ်ထားတယ်လို့ သီရိလင်္ကာ စွမ်းအင်ဝန်ကြီး က ပြောဆိုထားပါတယ်။
Ref: AP