အာဖဂန်နစ္စတန်အပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးဖို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
ဘာလင် ၊ ဇူလိုင် (၁) တာလီဘန်အစိုးရလက်ထက်မှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးရန် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ပြီး အာဖဂန်စီးပွားရေးရဲ့ အခြေခံလည်ပတ်မှုတွေကို အန္တရာယ်မရှိစေရဘူးလို့ ပြောကြားခဲ့ပါတယ်။ ယမန်နှစ်က တာလီဘန်တို့ သိမ်းပိုက်မှုကြောင့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ အစိုးရများက ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာအကူအညီများ ဖြတ်တောက်ရန် လှုံ့ဆော်ခဲ့ပြီး တင်းကျပ်သော ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံရဲ့ ဘဏ်လုပ်ငန်းကဏ္ဍတွေကို ဆုတ်ယုတ်သွားစေခဲ့တာပါ။…