VLADIVOSTOK, RUSSIA - DECEMBER 8, 2018: Two Russian tugboats Zvyozdny and Nagasaki bring afloat the North Korean UNPHA-1 fishing ship gone adrift from the Amur Bay and stranded by strong winds on the shore of Cape Kungasny near Vladivostok. Yuri Smityuk/TASS (Photo by Yuri SmityukTASS via Getty Images)

ဆိုးလ် – ဇွန်(၃၀) 

သင်္ဘာပေါ်မှာ လာပါလာတဲ့ တခြားသူတွေကို သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် ခဲ့ပြီး နောက်မှာတော့ မြောက်ကိုရီးယားငါးဖမ်းသမားနှစ်ဦးကို တရားဥပဒေအရ လုပ်ထုံးလုပ်နည်း တွေမရှိပဲ တောင်ကိုရီးယားအစိုးရက ပြန်ပို့ဖို့ ဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေး ချိုးဖောက် တာဖြစ်တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက ပြောဆိုခဲ့ပါတယ်။ 

နျူကလီးယားကင်းစင်ရေး စေ့စပ်ညှိနှိုင်းမှုတွေကြောင့် အရင်အစိုးရက မြောက်ကိုရီးယားကို မျက်နှာသာပေးဖို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုထားပြီး သမ္မတ သစ် ယွန်းကို အဲ့ဒီအမှုနဲ့ ပတ်သက်ပြီး စစ်ဆေးပေးဖို့ တောင်းဆိုထားကြပါတယ်။ 

“ဒါတွေက အလွန်ကို ဆိုးရွားတဲ့ ဖြစ်ရပ်တွေပဲ။ ဒီလူတွေကို ပို့ပြီးတာနဲ့ ပြန်လာလို့ မရနိုင် တော့တဲ့အတွက် တောင်ကိုရီးယားအစိုးရက ဒီလူတွေကို ချက်ချင်းပြန်မပို့သင့်ဘူး” လို့ မြောက်ကိုရီးယား လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomas Ojea Quintana က သတင်းထောက် တွေကိုပြောခဲ့ပါတယ်။ 

ဒါ့အပြင် ငါးဖမ်းသမားတွေကို မြောက်ကိုရီးယားအာဏာပိုင်တွေဆီကို လွှဲပြောင်းပေးရင် သူတို့ရဲ့ အခွင့် အရေးတွေ ချိုးဖောက်ခံရနိုင်တဲ့အတွက် ဆိုးလ် အနေနဲ့ သူတို့ကို ချက်ချင်း ပြန်ပို့မယ့် အစား တောင်ကိုရီးယားတရားစီရင်ရေးစနစ်မှာ စစ်ဆေးဖို့ တာဝန်ရှိတယ်လို့ သူက  ပြောပါသေးတယ်။ 

သမ္မတဟောင်း မွန်ဂျေအင် အစိုးရအဖွဲ့ ကတော့ ငါးဖမ်းသမားတွေဟာ ပင်လယ်နယ်စပ်ဖြတ်ကူး ချိန်မှာ သင်္ဘောပေါ်က တခြားလုပ်ဖော်ကိုင်ဖက်(၁၆) ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပြီး သူတို့ကို တောင်ကိုရီးယားလူ့အဖွဲ့အစည်းမှာ လက်ခံရင် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ပြောဆို ထားပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံဟာ တရားလက်လွတ်သတ်ဖြတ်မှု၊ညှဉ်းပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီးမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှု တွေနဲ့ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရ တာပါ။ 

နှစ်နိုင်ငံပေါင်းစည်းရေးဝန်ကြီး Kwon Young-se က ဒီအမှုကို တောင်ကိုရီးယားအစိုးရ ရှေ့နေ တွေက ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ဇွန်လ(၂၇) ရက်နေ့က ရိုက်တာကို ပြောပါတယ်။ 

စုံစမ်းစစ်ဆေးမှုတွော ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပေါင်းစည်းရေး ဝန်ကြီးဌာန ကတာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။

Ref : Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.