ချုပ်ရက်လျော့ပေ့ါသက်သာခွင့်ရသောကြောင့် ဘန်ကောက်မြို့ရှိ ရေဆိုးမြောင်းများရှင်းလင်းရေးကို အကျဥ်းသားများ ပါဝင်ဆောင်ရွက်
ဘန်ကောက် ၊ ဇွန် (၃၀) ဘန်ကောက်မြို့ရှိ မိလ္လာနှင့် ရေဆိုးမြောင်းများကို နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သန့်ရှင်းရေးတွင် အကျဥ်းသားများစေတနာ့ဝန်ထမ်းအနေဖြင့် ပါဝင်ခဲ့ကြပါတယ်။ ကပ်ရောဂါအကြိုကာလမှာ ပြစ်ဒဏ်ကျခံနေရသူများသည် ပင်လယ်ရေမျက်နှာပြင်အထက် ၁.၅ မီတာ (ငါးပေ) သာရှိသော မြို့တော်ရဲ့ ရေဆိုးမြောင်းများကို သန့်ရှင်းရေးလုပ်ရန် စေတနာ့ဝန်ထမ်း လုပ်ဆောင်နိုင်ပြီး နှစ်ရှည်လများ ထောင်ဒဏ်များကို လွတ်ကင်းစေမှာ ဖြစ်ပါတယ်။ “ဒါဟာ တော်တော်ခက်ခဲပြီး…