June 28, 2022

နိုင်ငံတဝန်းမှာ မြေမြုပ်မိုင်းကြောင့် ကလေးသူငယ် ၁၀၀ ကျော် သေဆုံးဒဏ်ရာရ

မော်လမြိုင် ၊ ဇွန်(၂၈) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကစပြီး မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အနည်းဆုံး ကလေးသူငယ် ၁၁၅ ဦး သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။ UNICEF ရဲ့အဆိုအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ ကြောင့်…

ထုံးဘိုလေးမှာ စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း သတ်ဖြတ်သွား

သထုံ ၊ ဇွန် (၂၈) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာမှာ စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်းကို ပစ်ခတ်သတ်ဖြစ်သွားတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ထုံးဘိုလေးကျေးရွာကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ကြား…

တနင်္လာနေ့မှာ လျှပ်စစ်ဓါတ်အားပြတ်တောက်နိုင်တယ်လို့ ဂျပန် အစိုးရသတိပေး

တိုကျို – ဇွန်(၂၈) မြို့တော်တိုကျိုမှာ ပူပြင်းတဲ့ နွေရာသီအပူဒဏ်သင့်ကာလအတွင်း လူအများ စွမ်းအင်ချွေတာ ဖို့ နဲ့ တနင်္လာနေ့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေရှိလာနိုင်တယ်လို့ ဂျပန်အစိုးရက ဇွန်လ(၂၆) ရက်နေ့က သတိပေးထားပါတယ်။ ဂျပန်နိုင်ငံအရှေ့ပိုင်း က တိုကျိုနဲ့ အနီးနားက စီရင်စု (၈) ခုမှာ အပိုဆောင်းလျှပ်စစ် ထုတ်လုပ် နိုင်မှု ပမာဏဟာ တနင်္လာနေ့ မွန်းလွဲ(၅) နာရီမှာ…

တရုတ်နိုင်ငံရဲ့ BRI ကို ပြိုင်ဆိုင်ဖို့ ကမ္ဘာ့အခြေခံအဆောက်အအုံစီမံကိန်းအတွက် G-7 က အမေရိကန်ဒေါ်လာ ဘီလျံ(၆၀၀) သုံးစွဲမယ်

ဝါရှင်တန် – ဇွန်(၂၈) ချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံအစုအဖွဲ့ G-7 အနေနဲ့ တရုတ်နိုင်ငံရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ BRI ပတ်လမ်း ကိုလှဉ်ပြိုင်ဖို့အတွက် ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကမ္ဘာလုံးဆိုင်ရာ အခြေခံအ ဆောက်အအုံ ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် ကန်ဒေါ်လာ (၆၀၀) ဘီလျံ မတည်သွားမှာ ဖြစ်တယ်လို့ ဇွန်လ(၂၆) ရက်နေ့က ကြေညာခဲ့ပါတယ်။ ဥရောပသမဂ္ဂအပါအဝင်မဟာမိတ် (၇) နိုင်ငံက ကနေဒါ၊ဂျာမနီ၊အီတလီ၊ဂျပန်…

ကမ္ဘောဒီးယားဒေသကောင်စီရွေးကောက်ပွဲမှာ အာဏာရှင်ဟွန်ဆန်ပါတီ အနိုင်ရ

ဖနွမ်းပင် – ဇွန်(၂၈) ကမ္ဘောဒီးယားအမျိုးသားရွေးကောက်ပွဲကော်မတီက ဇွန်လ(၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲတရားဝင်ရလဒ်ကို ထုတ်ပြန်ခဲ့ပြီး လက်ရှိအာဏာရဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပါတီက ဒေသဆိုင်ရာကောင်စီ နေရာ (၈၀) ရာခိုင်နှုန်းအနိုင်ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပဥ္စမအကြိမ်အထွေထွေရွေးကောက်ပွဲမှာ CPP ပါတီဟာ မဲဆန္ဒနယ် (၁၁၆၂၂) နေရာ ရှိတဲ့အနက် (၉၃၇၆) နေရာထိအနိုင်ရခဲ့တယ်လို့ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒေသကောင်စီနေရာ…