ဖနွမ်းပင် ၊ ဇွန် (၉)

သြစတြေးလျဝန်ကြီးချုပ်သစ်က စိုးရိမ်ကြောင်းနှင့် ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆိုထားတဲ့ တရုတ်ရေတပ်အတွက် လျှို့ဝှက်ရေတပ်စခန်းတစ်ခု တည်ဆောက်နေကြောင်းအစီရင်ခံစာကို ကမ္ဘောဒီးယားနှင့် ပေကျင်းတို့က ဇွန်လ ၇ ရက်နေ့က ငြင်းဆိုခဲ့ပါတယ်။ 

ထိုင်းပင်လယ်ကွေ့မှာ ဗျူဟာမြောက်တည်ရှိနေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ရီးယမ်းအခြေစိုက်စခန်းကို တရုတ်ရေတပ်မှ သီးသန့်အသုံးပြုရန်အတွက် တည်ဆောက်နေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အနောက်တိုင်းအရာရှိများကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။  

အဆိုပါ အခြေစိုက်စခန်းဟာ အမေရိကန်-ကမ္ဘောဒီးယား ဆက်ဆံရေးမှာ နှစ်အတန်ကြာ ဆိုးရွားသော နေရာတစ်ခု ဖြစ်ခဲ့ပြီး တရုတ်က ၎င်းရဲ့ နိုင်ငံတကာ သြဇာလွှမ်းမိုးမှုကို စစ်စခန်းများ ကွန်ရက်ဖြင့် ဖုံးအုပ်ရန် ကြိုးပမ်းတဲ့အနေနဲ့ ထိုနေရာကို ပြောင်းလဲအသုံးပြုနေကြောင်း ဝါရှင်တန်က သံသယရှိနေခဲ့တာ ဖြစ်ပါတယ်။ 

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် ပရော့ဆာခွန်က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ်းနှင့် တွေ့ဆုံရာမှာ အခြေအမြစ်မရှိတဲ့ အဲဒီအစီရင်ခံစာကို ပယ်ချခဲ့ကြောင်း ဖနွမ်းပင်မှ အင်္ဂါနေ့နှောင်းပိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ 

“ကမ္ဘောဒီးယားအနေနဲ့ တရုတ်စစ်တပ်ကို သီးသန့်အသုံးပြုဖို့ ဒါမှမဟုတ် အဲဒီနေရာကို သူ့ရဲ့စစ်အခြေစိုက်စခန်းအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ ခွင့်မပြုပါဘူး” ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ သို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်သံအမတ်တို့က လှေပြုပြင်သည့်ဆိုင် နှင့် ဆိပ်ခံတံတား အပါအဝင် ရီးယမ်းရှိ အဆောက်အဦအသစ်များအတွက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒေသတွင်း တရုတ်ရဲ့  ခိုင်မာကြီးထွားလာမှုကို တန်ပြန်ရန် သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ အင်ဒိုနီးရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် သြစတြေးလျဝန်ကြီးချုပ်သစ် အန်တိုနီ အယ်ဘန်နီးစ်က အဆိုပါအစီရင်ခံစာများနှင့်ပတ်သက်ပြီး စိုးရိမ်စရာလို့ ပြောဆိုခဲ့ပါတယ်။ 

“ဤလုပ်ဆောင်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေဖို့နှင့်  ရည်ရွယ်ချက်နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန် ဘေဂျင်းအား ကျွန်ုပ်တို့တိုက်တွန်းပါသည်” ဟု ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားက ရီးယမ်းအခြေစိုက်စခန်းကို မည်သည့်နိုင်ငံခြားစစ်တပ်မှ သီးသန့်အသုံးပြုခွင့်မပေးကြောင်း  အခိုင်အမာပြောဆိုခဲ့သည်ဟု သူက သတင်းထောက်များကို ပြောခဲ့ပါတယ်။ 

ဩစတေးလျသည် ပစိဖိတ်ဒေသမှာ ပေကျင်းရဲ့ သြဇာကြီးထွားလာမှုနှင့်ပတ်သက်ပြီး  စိုးရိမ်မှုများ တိုးလာနေပါတယ်။

 ဧပြီလမှာ ပေါက်ကြားခဲ့သော ဆော်လမွန်ကျွန်းစုနှင့် တရုတ်ရဲ့ သဘောတူစာချုပ်မူကြမ်းအရ သြစတြေးလျမှ ကီလိုမီတာ ၂၀၀၀ အောက်သာ အကွာအဝေးရှိတဲ့ ပစိဖိတ်ကျွန်းနိုင်ငံသို့ တရုတ်ရေတပ် ဖြန့်ကျက်ခွင့်ပြုမည်ကိုလည်း စိုးရိမ်မှုများ မြင့်တက်လာနေခဲ့တာ ဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.