အွန်ဒို၊ ဇွန် ၈

နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းက ကက်သလစ်ဘုရားကျောင်းတခုကို သေနတ်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ ဂျီဟတ်ဝါဒီသမားတွေဟာ တိုက်ခိုက်မှုနှင့် အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုများ ပြုလုပ်လေ့ရှိပေမယ့် အိုဝူမြို့ရှိ စိန့်ဖရန်စစ် ကက်သလစ် ဘုရားကျောင်းတွင်း သွေးထွက်သံယို ဖြစ်မှုဟာ ပုံမှန်အားဖြင့် လုံခြံမှုရှိတဲ့ နိုင်ငံအနောက်တောင်ပိုင်းအတွက်တော့ ရှားရှားပါးပါး တိုက်ခိုက်မှုတစ်ခုဖြစ်ခဲံတဲ့အတွက် အများပြည်သူအတွက် ထိတ်လန့်တုန်လှုပ်စေခဲ့တာပါ။ 

ဘုရားကျောင်းအတွင်း ဝတ်ပြုကိုးကွယ်သူများကို သေနတ်သမားများက မပစ်ခတ်မီ ဒိုင်းနမိုက်ဖောက်ခွဲခဲ့တယ်လို့  အွန်ဒို ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီသို့ ပြောကြားခဲ့ပါတယ်။ 

တိုက်ခိုက်မှုအပြီး တစ်ရက်အကြာအထိ စိန့်ဖရန်စစ် ဘုရားကျောင်းကြမ်းပြင်တွင် သွေးများဖြင့် စွန်းထင်းနေသေးပြီး အပျက်အစီးများဖြင့် ပြန့်ကျဲနေခဲ့ပါတယ်။ 

“သူတို့က ဘုရားကျောင်းထဲကိုဝင်ခဲ့ပါဘူး၊ ပြတင်းပေါက်တွေကနေ ပစ်ခတ်ခဲ့ကြတာ” လို့ အုပ်ချုပ်ရေးမှူးက လူ ၂၁ ဦး သေဆုံးကြောင်းကို အတည်ပြုပြောဆိုခဲ့ပါတယ်။ 

နိုင်ငံတော်အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီရဲ့ ဒေသကိုယ်စားလှယ်က သေဆုံးသူ ၂၂ ဦးတွင် ကလေးငယ် အများအပြားပါဝင်ပြီး လူ ၄၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြောခဲ့ပါတယ်။ 

“သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေကြောင့် ကျွန်မ ဘုရားကျောင်းကို ပြန်ပြေးပြီး ကျွန်မရဲ့ ကလေးနှစ်ယောက်ကို ဆေးဘက်ဆိုင်ရာ စင်တာကို ခေါ်သွားခဲ့ပါတယ်၊ ဒဏ်ရာရသူတွေ၊ သေနေတဲ့သူတွေ အများကြီးတွေ့ခဲ့တယ်” လို့ ပစ်ခတ်မှု စတင်ချိန်မှာ ဘုရားကျောင်းရဲ့ အဝေးမှာရှိနေတဲ့ ဒေသခံတစ်ဦးဖြစ်သူက ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။ 

ဘုရားကျောင်းဝင်းထဲမှာ အနည်းဆုံး သေနတ်သမားငါးဦးကို တွေ့ခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။ 

ဒုတိယသမ္မတ ရင်းမီ အိုစင်ဘာဂျသည် ဒဏ်ရာရရှိသူအချို့ကို သွားရောက်ကြည့်ရှုရန် တနင်္လာနေ့တွင် ရောက်ရှိလာခဲ့ပြီး သေဆုံးသူများအတွက် ခုနစ်ရက်ကြာ ဝမ်းနည်းခြင်းကာလအဖြစ် ပြည်နယ်အစိုးရက ကြေညာခဲ့ပြီး အွန်ဒိုမြို့တွင် နိုင်ငံတော်အလံကို တိုင်တစ်ဝက် လွှင့်တင်ရန် အမိန့်ပေးခဲ့ပါတယ်။ 

ယခုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့မှ တာဝန်ရှိကြောင်းနှင့် ဘာရည်ရွယ်ချက်ကြောင့် တိုက်ခိုက်ခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.