FILE PHOTO: Supporters of the opposition party, Candlelight Party, wave flags as they take part in a campaign rally for the upcoming local elections on June 5, in Phnom Penh, Cambodia May 21, 2022. REUTERS/Prak Chan Thul

ဖနွမ်ပင်၊ ဇွန် ၇

ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ ဒေသန္တရွေးကောက်ပွဲမှာ အာဏာရပါတီက အပြတ်အသတ်အနိုင်ရခဲ့ပြီး အတိုက်အခံပါတီအသစ်အနေနဲ့လည်း တစုံတရာရလဒ်ကောင်းရခဲ့တယ်လို့ တရားဝင်ရလဒ်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ကွန်မြူနတီ ကောင်စီဝင် ၁၁,၆၂၂ နေရာမှာ ၈၀ ရာခိုင်နှုန်း အနိုင်ရပြီး အတိုက်အခံ Candlelight ပါတီက ၁၈ ရာခိုင်နှုန်း အနိုင်ရခဲ့တယ်လို့ အမျိုးသား ရွေးကောက်ပွဲ ကော်မတီ (NEC) က ထုတ်ပြန်ပါတယ်။

ကမ္ဘောဒီးယားပြည်သူ့ပါတီအနေဖြင့် ယခင်က ဒေသန္တရရွေးကောက်ပွဲ၏ အနိုင်ရလဒ်ကို ၉၅ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ယခုရွေးကောက်ပွဲမှာတော့ ၈၀ ရာခိုင်နှန်းအထိသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

Candlelight ပါတီမှာ ပြီးခဲ့သည့်ပါလီမန်ရွေးကောက်ပွဲများမတိုင်မီ တရားရုံးတစ်ခုမှ ဖျက်သိမ်းခံခဲ့ရသည့် အဓိကအတိုက်အခံ ကမ္ဘောဒီးယားအမျိုးသား ကယ်တင်ရေးပါတီ (CNRP) ကို ပြန်လည်စုဖွဲ့ထားခြင်းသောပါတီဖြစ်ပြီး ယင်းပါတီအဖွဲ့ဝင်များနှင့် ထောက်ခံသူများမှာ အစိုးရ၏ ဖြိုခွင်းမှုအောက်တွင် ပုန်ကန်မှုခေါင်းစဉ်ဖြင့် ရာနဲ့ချီကာ အကျဉ်းချထားခံရတာလည်းဖြစ်ပါတယ်။ 

နိုင်ငံကို ၃၇ နှစ်ကြာ အုပ်စိုးခဲ့သော ၀န်ကြီးချုပ် ဟွန်ဆန်နှင့် CPP တို့မှာ ယင်းလုပ်ရပ်အတွက် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ရင်ဆိုင်နေရတာပါ။

Candlelight ပါတီ ဒုတိယဥက္ကဋ္ဌက လာမည့်နှစ်တွင် နိုင်ငံတော်အဆင့် ကိုယ်စားလှယ်ရရှိရန် မျှော်လင့်ချက်ဖြင့် ဒေသန္တရအစိုးရရာထူးများ တတ်နိုင်သမျှ များများအနိုင်ရရန် မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

CPP ပြောရေးဆိုခွင့်ရှိသူ Sok Eysan ကတော့ အတိုက်အခံတွေကို ခြိမ်းခြောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အာဏာရပါတီက ပြည်သူတွေကို ကောင်းကောင်းမွန်မွန် အလုပ်အကျွေးပြုခဲ့တဲ့အတွက် အနိုင်ရခဲ့တာလို့ ဆိုပါတယ်။

Ref: REUTERS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.