June 7, 2022

ဒေသန္တရရွေးကောက်ပွဲမှာ ကမ္ဘောဒီးယားအာဏာရပါတီက အနိုင်ရ

ဖနွမ်ပင်၊ ဇွန် ၇ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ ဒေသန္တရွေးကောက်ပွဲမှာ အာဏာရပါတီက အပြတ်အသတ်အနိုင်ရခဲ့ပြီး အတိုက်အခံပါတီအသစ်အနေနဲ့လည်း တစုံတရာရလဒ်ကောင်းရခဲ့တယ်လို့ တရားဝင်ရလဒ်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ကွန်မြူနတီ ကောင်စီဝင် ၁၁,၆၂၂ နေရာမှာ ၈၀ ရာခိုင်နှုန်း အနိုင်ရပြီး အတိုက်အခံ Candlelight ပါတီက ၁၈ ရာခိုင်နှုန်း အနိုင်ရခဲ့တယ်လို့…

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အတွင်း အီရန်သူလျှိုတွေကို စောင့်ကြည့်ဖို့ လျှိူ့ဝှက်အမိန့်ထုတ်ပြန်

ဘန်ကောက် – ဇွန်(၇) အင်ဒိုနီးရှားမှာအီရန်သူလျှို ဖမ်းဆီးခံရပြီးနောက်လုံခြုံရေးစိုးရိမ်မှုတွေ ဖြစ်ပေါ်စေတဲ့အတွက် သူလျှိုတွေကို စောင့်ကြည့်ဖို့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ (RTP) က နိုင်ငံတစ်ဝှမ်းက ရဲတပ်ဖွဲ့ ဝင်တွေကို လျှိုဝှက်အမိန့်ထုတ်ထားတယ်လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ လုံခြုံရေးအေဂျင်စီတွေက ထိုင်းနိုင်ငံမှာ သူလျှိုအဖြစ်လုပ်ဆောင်နေတယ်လို့ သံသယရှိတဲ့ ထိုင်းမွတ်စလင်တချို့နဲ့ အီရန်နိုင်ငံသားတွေရဲ့ လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေတယလို့ သတင်းရင်းမြစ်က ဘန်ကောက်ပိုစ့်ကို ပြောခဲ့တာပါ။ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲဟာ…

လာအိုနိုင်ငံ က ပထမဆုံး ပြည်တွင်းဖြစ်စာတိုပေးပို့တဲ့ အက်ပ်(APP) ကို စတင်မတ်ဆက်

ဗီယင်ကျန်း – ဇွန်(၇) တခြားနိုင်ငံတွေထက် နောက်ကျကျန်ခဲ့တဲ့ အစိုးရဝန်ဆောင်မှုတွေကို ဒစ်ဂျစ်တယ် နည်းပညာ ကူးပြောင်းမှု မြှင့်တင်ဖို့ကြိုးပမ်းတဲ့အနေနဲ့ နိုင်ငံအတွင်း ပထမဆုံးတီထွင်ထားတဲ့ စာတိုပေးပို့တဲ့ အက်ပ်(APP) LoudChat ကို လာအိုနိုင်ငံက ပထမဆုံးအကြိမ်အဖြစ်မိတ်ဆက်လိုက်ပါတယ်။ LoudChat ကို ပြီးခဲ့တဲ့ ဧပြီလက စတင်ပြီး “Line” အက်ပ် လို စာတိုပေးပို့တဲ့ လုပ်ဆောင်ချက် တွေအတွက်အသုံးပြုနိုင်မှာဖြစ်ပြီး ဘေလ်ပေးချေတဲ့…