နယူးဒေလီ – ဇွန်လ(၅) 

နှစ်နိုင်ငံဆက်ဆံရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဆွေးနွေးဖို့ အိန္ဒိယ အရာရှိအဖွဲ့နဲ့ အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တာလီဘန်တို့က ပြောဆိုခဲ့ပြီး အဲ့ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် နိုင်ငံကို သိမ်းယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကဘူးလ်ကို လာရောက်လည်ပတ်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

အာဖဂန်မှာ တာလီဘန်တွေအာဏာရပြီးနောက်ပိုင်း နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်မှုတွေတ ဟုန်ထိုး တက်လာပြီး အိန္ဒိယနိုင်ငံအနေနဲ့ အစားအစာနဲ့ အခြားအကူအညီတွေပေးပို့ခဲ့တယ်လို့ သိရပါတယ်။ 

တာလီဘန် ယာယီနိုင်ငံခြားရေးဝန်ကြီး Mawlawi Amir Khan Muttaqi ဟာ တာလီဘန်ဝန်ကြီးဌာ နအတွင်းဝန် JP Singh ဦးဆောင်တဲ့ အိန္ဒိယ နိုင်ငံခြားရေးဌာန ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ ပါတယ်။ 

“တွေ့ဆုံမှုဟာ အိန္ဒိယ-အာဖဂန် သံတမန်ဆက်ဆံရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ လူသားချင်းစာ နာမှု အကူအညီတွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်” လို့ တာလီဘန် နိုင်ငံခြားရေးဌာန ပြော ခွင့်ရပုဂ္ဂိုလ် Abdul Qahar Balkhi က Twitter မှာ ရေးသားထားပါတယ်။ 

ဝန်ကြီးက ဒီခရီးစဉ်ဟာ နှစ်နိုင်ငံကြားဆက်ဆံရေးအတွက် ကောင်းမွန်တဲ့ အစပြုမှု ဖြစ်တယ်လို့ လည်း ပြောပါသေးတယ်။ 

အိန္ဒိယဟာ တာလီဘန်အစိုးရနဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမယ့် သူတို့ရဲ့ သံတန်တွေ ဟာ တာလီဘန်ကိုယ်စားလှယ်တွေနဲ့ ကာတာမြို့တော်ဒိုဟာမှာ အရင်က တွေ့ဆုံထားပါသေး တယ်။ 

တာဝန်ရှိသူတွေက လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်တာကို ကြီးကြပ်ပြီး အိန္ဒိယ ကျောထောက်နောက်ခံပြုထားတဲ့ အစီအစဉ်ဒါမှမဟုတ် ပရောဂျက်တွေက ပစ်မှတ် ထားတဲ့နေရာတွေကို သွားရောက်ကြည့်ရှုမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ 

အိန္ဒိယနိုင်ငံဟာ ဂျုံတန်ချိန် ၂၀၀၀၀၊ဆေးဝါး ၁၃ တန်၊ ကိုဗစ်ကာကွယ်ဆေး ၅၀၀၀၀၀ နဲ့ ဆောင်းရာသီဝတ် အဝတ်အထည်တွေကို လှူဒါန်းခဲ့ပြီး အစားအစာသီနှံတွေလည်း ပါဝင်တယ် လို့ သိရပါတယ်။ 

ဒေသတွင်းပြိုင်ဘက် ပါကစ္စတန်က ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက သူတိုရဲံ အရာရှိတွေကို အာဖဂန် နစ္စတန် မှ နှုတ်ထွက်စေခဲ့ပြီး သူတို့သူတို့ရဲ့ သံရုံးကို ပိတ်ထားလိုက်ပေမယ့် ဒေသတွင်း ပြိုင်ဘက် ပါကစ္စတန် ဟာ ဩဇာကြီးမားတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ဆက်ပြီး ထိန်းသိမ်းထားဖို့ စိတ်အားထက်သန်နေပါတယ်။ 

တာလီဘန် နိုင်ငံခြားရေးဌာန ပြော ခွင့်ရပုဂ္ဂိုလ် Bagchi က ဘယ်အချိန်မှာ သံရုံးပြန်ဖွင့်နိုင်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဖြေကြားဖို့ ငြင်းဆန်ထားပါတယ်။ 

အာဖဂန်နစ္စတန်ကို အိန္ဒိယရဲ့ လူသားချင်းစာနာမှုနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေအတွက် ကျေးဇူးတင်ရှိတယ်လို့ ပြောဆိုထားပြီး ပရောဂျက်တွေပြန်လည်စတင်ဖို့အတွက် အာဖဂန် မှာ သူတို့ရဲ့ သံတမန်ဆက်ဆံရေးနဲ့ ကောင်စစ်ဝန်တွေ ပံ့ပိုးပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ 

တာလီဘန်တွေ နိုင်ငံကို မထိန်းချုပ်ခင်တည်းက အိန္ဒိယဟာ အဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ရေးနဲ့စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးခဲ့ပေမယ့် မြေပြင်တပ်ဖွဲ့ဝင်တွေတော့ မရှိပါဘူး။ 

အိန္ဒိယနိုင်ငံဟာ အာဖဂန်နစ္စတန်အတွက် ဒေသရဲ့ အကြီးမားဆုံးဖွံ့ဖြိုးတိုးတက်ရေး အထောက် အပံ့ပေးဆောင်ထားသူတွေဖြစ်ပါတယ်။ 

Ref : Aljazeer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.