ဂျာကာတာ ၊ ဇွန် (၅)

မလေးရှားနိုင်ငံရှိ  ဈေးကွက်အတွင်း ငါးလိုအပ်ချက်အပေါ် ဖြည့်တင်းမှုဟာ ယခုလအတွင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစက်မှု လက်ထောက်ဝန်ကြီး Datuk Seri Ahmad Hamzah က ပြောကြားခဲ့ပါတယ်။

အဆိုပါ ငါးလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့အတွက် အောက်တိုဘာလအတွင်း  အထွတ်အထိပ်သို့ ရောက်ရှိသည်အထိ ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ထားကြောင်း လက်ထောက်ဝန်ကြီးက ဆိုပါတယ်။

“ငါးထောက်ပံ့မှုက နှစ်စဉ် ရာသီအလိုက်ဖြစ်ပြီး ခန့်မှန်းလို့မရတဲ့ ရာသီဥတုပုံစံတွေက နိုင်ငံရဲ့ ငါးထောက်ပံ့မှုအပေါ် သက်ရောက်မှုရှိပါတယ်” လို့  Sinar Harian က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

တံငါသည်တွေကတော့ ရာသီဥတု အခြေအနေကြောင့် ငါးဖမ်းလုပ်ငန်းအတွက် ပင်လယ်ပြင်သို့ မထွက်နိုင်သေးဘူးလို့ မစ္စတာ အာမက်က ဆိုပါတယ်။

ဒါပေမယ့်လည်း နိုင်ငံတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းတွေကနေဆင့် ပြည်သူများရဲ့ လိုအပ်ချက်အတွက် လုံလောက်နေပြီဟု ၎င်းက ဆိုပါတယ်။

လွန်ခဲ့သည့် နှစ်လအတွင်း မသေချာသော ရာသီဥတုကြောင့် မလေးရှားနိုင်ငံရှိ ဈေးကွက်အတွင်း ငါးလိုအပ်ချက်ဟာ ၇၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်လကို တန်ချိန် တစ်သန်းမှ တန်ချိန် ၃၀၀,၀၀၀ ခန့်အထိ ကျဆင်းသွားခဲ့ပါတယ်။

စားနပ်ရိက္ခာဖူလုံမှုသည် လူထုကြားတွင် ပြင်းပြင်းထန်ထန် ငြင်းခုံစရာဖြစ်လာပေမယ့် နိုင်ငံတွင်းမှာ စားနပ်ရိက္ခာ လုံလောက်မှုရှိစေဖို့ အစိုးရက အခြေအနေကို အမြဲစောင့်ကြည့်နေကြောင်း အာမက်က ပြောကြားခဲ့ပါသေးတယ်။

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.