ဂျီနီဗာ – ဇွန်(၄) 

ကိုဗစ်ကူးစက်ခံထားရတဲ့ သူတွေနဲ့ ကာကွယ်ဆေးထိုးနှံပြီးတဲ့ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ နှစ်ပုံဟာ ကိုဗစ်-19 ပဋိဇီဝပစ္စည်း(Antibodies) မှာ သိသာထင်ရှားတဲ့ အဆင့်တစ်ခုအထိရှိကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O က ပြောခဲ့ပါတယ်။ 

W.H.O ရဲ့ တကမ္ဘာလုံးအတိုင်းအတာလေ့လာချက်မှာ ရောဂါပိုးကူးစက်ခံရတာသော်လည်းကောင်း၊ ရောဂါပိုးရှိသူနဲ့ ထိတွေ့ပြီးနောက်မှာ သွေးအတွင်းထွက်ပေါ်လာတဲ့ ပရိုတင်းဓါတ်နှုန်းထား Seroprevalence အတိုင်းအတာဟာ ဖေဖော်ဝါရီလအတွင်း (၁၆) ရာခိုင်နှုန်းအထိရှိခဲ့ပြီး အခုချိန်မှာ (၆၇) ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့ W.H.O က ပြောဆိုထားပါတယ်။ 

ကပ်ဘေးနဲ့ ပတ်သက်ပြီး W.H.O လေ့လာချက်ဟာ ကမ္ဘာလုံးဆိုင်ရာ ခံနိုင်ရည်ရှိမှု ဘယ်လို မြင့်တက် လာတယ်ဆိုတာကို ပြသနေတဲ့အပြင် ကာကွယ်ဆေးထိုးနှံတာဟာ ကိုဗစ်ရောဂါကူးစက်မှု တစ်ခုထက် အခြားသော ပြင်းထန်ရောဂါတွေကို ကာကွယ်နိုင်မှု အတိုင်းအတာ မြင့်မားတဲ့အတွက် အန္တရာယ်ဖြစ် နိုင်ချေများတဲ့နေရာက လူတွေကို ကာကွယ်ဆေးထိုးကြဖို့ W.H.O က နိုင်ငံတွေကို တိုက်တွန်း ထားပါတယ်။ 

လေ့လာချက်တွေအရ ရောဂါပိုးအသစ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းမှု မရှိပေမယ့် ကိုဗစ် ကူးစက်ခံထားရသူနဲ့ ကာကွယ်ဆေးထိုးနှံပြီးသူ နှစ်မျိုးစလုံးဟာ ပြင်းထန်အကျိုးရလဒ်ကို အကောင်းဆုံးဆန့်ကျင်ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ 

ပဋိပစ္စည်းတွေ ယေဘုယျအားဖြင့် အချိန်ကြာလာတာနဲ့အမျှ လျော့နည်းလာပြီး ခုခံအားအဆင့်နဲ့ ခံနိုင်ရည်ရှိမှုဟာ အချက်များစွာပေါ်မူတည်နေသလို ကာကွယ်မှု ဘယ်လောက်လျင်မြန်စွာ လျော့နည်း သွားတယ်ဆိုတာကို ဆုံးဖြတ်ဖို့ နောက်ထပ်လေ့လာမှုတွေလိုအပ်တယ်လို့ ကျန်းမာရေးအဖွဲ့ က ပြောဆိုထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.