ဘန်ကောက် – ဇွန်(၂) 

ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ ဦးဆောင်မှု ဝန်ကြီးဌာနတွေရဲ့ အချက်အလက်တွေရယူဖို့ ဟက်ကာ တွေက အာရုံစိုက်လာတဲ့အတွက် အစိုးရက နိုင်ငံရဲ့ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံကို လုံခြုံစေဖို့ ဟက်ကာတွေနဲ့ အင်ဂျင်နီယာတွေကို ခန့်အပ်သွားဖို့ စီစဉ်နေပါတယ်။ 

ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုအသိုက်အဝန်းဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေရဲ့ အသင်းရင်းမြစ်တွေရဲ့ အဆိုအရ အစိုးရဟာ ကွန်ပျူတာသိပ္ပံဘွဲ့ရတွေနဲ့ နည်းပညာဆိုင်ရာ စွန့်ဦး တီထွင်သူတွေကို လွန်ခဲ့တဲ့ (၆) လအတွင်းအလုပ်ခန့်အပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

ဝန်ကြီးရုံ၊ကာကွယ်ရေးဝန်ကြီးဌာန၊ထိုင်းတော်ဝင်တပ်မတော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကို ဦးတည်ပြီး အချက်အလက်ရယူဖို့ ကြိုးပမ်းမှုဟာ လူသိများတဲ့ ဟက်ကာအဖွဲ့ Threat Activity Group (TAG-16) ကလုပ်ဆောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

TAG-16 အဖွဲ့ဟာ တရုတ်လူထုလွတ်မြောက်ရေးတပ်မတော်နဲ့ ချိတ်ဆက်မှုရှိတဲ့ Red Foxtrot လို့ လူသိများတဲ့ အဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိနေတယ်လို့ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတစ်ဦး ကပြောပါတယ်။  

“သူတို့က ထိုင်းတစ်နိုင်ငံတည်းကိုသာ ဦးတည်နေတာမျိုးမဟုတ်ပဲ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အစရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများရဲ့အစိုးရ ဝက်ဘ်ဆိုဒ်များနဲ့ ဆာဗာတွေကိုပါ ဦးတည်နေတာပါ”လို့ အမည်မဖော်လိုသူ ပညာရှင်က ပြောခဲ့ပါတယ်။ 

အစိုးရဆာဗာတွေမှာ TAG-16 ကုဒ်တွေနဲ့ အန္တရာယ်ဖြစ်စေတဲ့ ဆော့ဖ်ဝဲတွေ ဝင်ရောက်ခံထားရ ပြီး အဲ့ဒီလုပ်ဆောင်ချက်တွေဟာ တရုတ်နိုင်ငံမှာ တည်ရှိနေတဲ့ ဟက်ကာတွေနဲ့ ချိတ်ဆက်နေ တယ်လို့ သိရပါတယ်။ 

“ဒီအချက်အလက်တွေကို ဘယ်ကိုရောင်းဖို့လဲ ကျွန်ုပ်တို့ မသိပါဘူး၊ ဒါက ဘေဂျင်းကိုပို့နေတာ လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အစိုးရတစ်ရပ်ရပ်က စပွန်ဆာလုပ်ထားတဲ့ လှုပ်ရှားမှုတစ်ခုကို လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ကာကွယ်ရေးနဲ့ လုံခြုံရေး ကဏ္ဍထဲက တတိယအစုအဖွဲ့က ဝယ်ယူသူများ ထံကိုလည်း ဖြစ်နိုင်တယ်” လို့ ကျွမ်းကျင်ပညာရှင်က ပြောဆိုခဲ့ပါတယ်။ 

Ref: Thai Enquirer 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.