ပေကျင်း – ဇွန်(၁)

တရုတ်အစိုးရဟာ ရှီကျီရန်ဒေသအနောက်ဘက်အတွင်းက အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အာရုံလွှဲတဲ့အနေနဲ့ ကုလလူ့အခွင့်အရေးအကြီးအကဲ အမေရိကန် မှာ ဖြစ်ပွား ခဲ့တဲ့ အကြီးစားပစ်ခတ်မှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇာအိုလီကျီရန်က လူ့အခွင့်အရေးအမြင့် ဆုံး ကော်မရှင်နာရုံးအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကြုံတွေ့ရမှုတွေနဲ့ ပတ်သက်ပြီး အစီရင် ခံစာတစ်ရပ်ထုတ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ 

အမေရန်ကန်ပြည်ထောင်စုစနစ်ဟာ သာတူညီမျှစွာစွမ်းဆောင်နိုင်တာမရှိပဲ အဲ့ဒီပြဿနာတွေကို ဖြေရှင်းဖို့ စိတ်ဝင်စားမှု၊ စိတ်အားတက်ကြွမှုနဲ့ အားပေးကူညီမှုတို့ ကင်းမဲ့နေတယ်လို့ တရုတ် ကွန်မြူနစ်ပါတီရဲ့ သတင်းစာမှာ ဖော်ပြထားပြီး အမေရိကန်ပြည်တွင်းရေးပြဿနာတွေဟာ သူတို့နိုင်ငံရဲ့ ပြည်ပနိုင်ငံတွေအပေါ် ရန်လိုမှုတွေမြင့်တက်စေတယ်လို့ ဖြည့်စွက်တင်ပြထား ပါတယ်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲရဲ့ အာရှခရီးစဉ်အတောအတွင်း အမေရိကန်ရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေအပေါ်ဝေဖန်မှုမြင့်တက်ခဲ့ပြီး လက်တလော ဖြစ်ပွားခဲ့တဲ့ နယူးယောက်၊ ဘာဖလိုမြို့က စတိုးဆိုင်အတွင်း သတ်ဖြတ်မှုတွေနဲ့ တက္ကဆက်၊ယူဘောလစ်ရှိ စာသင်ကျောင်းတွေက ပစ်ခတ်မှုတွေကို အမှားရှာ ပစ်တင်နေခဲ့တာပါ။ 

အမေရိကန်အနေနဲ့ ကုလလူ့အခွင့်အရေးလတ်တလောခရီးစဉ်အပေါ်တရုတ်နိုင်ငံရဲ့ ကိုင်တွယ် ပုံတွေနဲ့ပတ်သက်ပြီး ဝေဖန်ထားပါတယ်။ 

အမေရိန်ကုန်ိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ရဲ့ သတင်းပြန်ကြားရေးရုံး ထုတ်ပြန်ချက် မှာ အာဏာပိုင်တွေအနေနဲ့ ကမ္ဘာအဆင့်(၂) စီးပွားရေးပိုင်ဆိုင်ထားတဲ့ နိုင်ငံမှာ လူ့အခွင့်အရေး ဝန်းကျင်သဘောအတိုင်း လုပ်ဆောင်ဖို့ လိုအပ်တဲ့ လွတ်လပ်စွာ အကဲဖြတ်ဆန်းစစ်တာကို ပြီး မြောက်အောင်ဆောင်ရွက်နိုင်ခဲ့တာမရှိပဲ ရှီကျီရန်မှာ နေထိုင်သူတွေကိုလည်း တိုင်ကြားတာတွေ မလုပ်ဖို့ ဖိအားပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ကုလအကြီးအကဲရဲ့ ခြောက်ရက်တာ ခရီးစဉ်ကို စုံစမ်းစစ်ဆေး မှုတွေအတွက်မဟုတ်ဘူးလို့ ထပ်ခါတလဲ ပြောဆိုထားကြပါတယ်။ 

အကြမ်းဖက်မှုနဲ့ အစွန်းရောက်လို့စွပ်စွဲခံထားရတဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့် အရေးချိုးဖောက်ထားတယ်လို့ ကုလလူ့အခွင့်အရေးအကြီးအကဲ့ မစ္စ Bachelet က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားတာမရှိပါဘူး။

Ref : The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.