ဘန်ကောက်၊ မေ ၃၁

ဘန်ကောက်မြို့တော်ဝန်ရွေးကောက်ပွဲရလဒ် ကြေငြာမယ့်ရက်ကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ရွှေ့ဆိုင်းထားကြောင်း ဒေသတွင်း သတင်းများက အစီရင်ခံထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်နာ ဆန်ထတ် ဆီရီရန်နန်ပိုင်ဘွန်က သတင်းထောက်များသို့ ပြောကြားရာတွင် ရွေးကောက်ပွဲရလဒ်ကြေငြာခြင်းကို တနင်္လာနေ့ ရွေးကော်အစည်းအဝေးမှာ ကြေငြာနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အနိုင်ရမြို့တော်ဝန် ချတ်ချာဆစ်တစ်ပန့်တ်ကို ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပြီး နောက်ထပ် ဆက်စပ်အစည်းအဝေး တစ်ရပ်ကိုလည်း အင်္ဂါနေ့တွင် ကျင်းပသွားဖို့ရှိနေပါတယ်။

ထိုင်းအာဏာရပါတီ PPRP ရှေးရိုးစွဲအစုအဖွဲ့မှ ကိုယ်စားလောင်းထက် အချိန် ၉ နှစ်အကြာ ပထမဦးဆုံးအကြိမ်အဖြစ် ထိုင်းအစိုးရအဖွဲ့ဝင် ပို့ဆောင်ရေးဝန်ကြီးဟောင်းရဲ့ ဖီယူထိုင်းပါတီနဲ့ အနီးကပ်ဆက်ဆံရေးရှိခဲ့သူက သောင်ပြိုကမ်းပြို မဲရလဒ်ရရှိကာ ဘန်ကောက်ခရိုင်ဒေသန္တရ ရွေး‌ကောက်ပွဲမှာ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါအောင်မြင်မှုမှာ နောက်နှစ်အစောပိုင်းတွင် ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲတွင် စစ်တပ်နှင့် ဆက်စပ်မှုရှိသော PPRP အတွက် အခွင့်အရေးလက်လွှတ်ရမည့် အခြေအနေတစ်ခုအထိ ဖြစ်သွားစေနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဆူကိုထိုင်း သမာသီရက် တက္ကသိုလ်မှ ယူတဖွန် အစ္စရာချိုင် က “လက်ရှိအစိုးရအပေါ် လူတွေ စိတ်ပန်းလူပန်းဖြစ်နေကြပြီဆိုတဲ့ ရှင်းလင်းတဲ့အချက်ပေးမှုတစ်ခုကို လူထုက ပေးပို့လိုက်တာဖြစ်တယ်၊ ပြီးတော့ ဒါဟာ နောက်နှစ်ရွေးကောက်ပွဲရဲ့ သဏ္ဍာန်ကိုလည်း ပုံဖော်လိုက် သလိုလည်း ဖြစ်သွားနိုင်ပါတယ်” လို့ မီဒီယာများကို ပြောခဲ့ပါတယ်။

Ref – Thai Enquirer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.