ဘန်ကောက် – မေ(၃၁) 

ထိုင်းနိုင်ငံမှာ ဒုတိယအကြီးဆုံးပိုင်ဆိုင်မှုရှိနေတဲ့ ကာဆီကွန်ဘဏ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မက်စ်ပီယမ်ဘဏ်ကနေ ဘတ်(၇.၅) ဘီလျံတန်ဖိုးရှိတဲ့ အကြီးစားအစုရှယ်ယာတွေကို ဝယ်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီရင်းနှီးမြှုပ်နှံမှုကတဆင့် ကာစီကွန်ဘဏ်ဟာ အင်ဒိုနီးရှားလုပ်ငန်းစု မက်စ်ပီယန် စာရင်းဝင် လက်ရုံးဘဏ်ခွဲတစ်ခုက စုစုပေါင်း အစုရှယ်ယာအနက်မှ (၆၇.၅) ရာခိုင်နှုန်းကို ရရှိမှာ ဖြစ်ပါတယ်။ 

နှစ်ကုန်ပိုင်းမှာ အပြီးသတ်ဖို့စီစဉ်ထားပြီး ဒီရောင်းဝယ်မှုကို Karsikoen Vision Financial ကုမ္ပဏီခွဲက ဆောင်ရွက်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံစတော့အိတ်ချိန်းကို ပေးပို့ထားတဲ့ အသိပေးစားမှာ ဖော်ပြထားပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံမှာ သူတို့ရဲ့တည်ရှိမှုကို ကြီးထွားအောင်ဆောင်ရွက်တာဟာ အရှေ့တောင်အာရှ(၁၀) နိုင်ငံက စျေးကွက်အတွင်း လုပ်ငန်းဆောင်ရွက်ဖို့ ကာဆီကွန်ရဲ့ ပန်တိုင်နဲ့ ကိုက်ညီပြီး ပြည်တွင်းစျေးကွက်မှာ အမြတ်ငွေရရှိမှုနည်းပါးလာတဲ့အတွက် ထိုင်ဘဏ်လုပ်ငန်း တွေဟာ အရှေ့တောင်အာရှိရဲ့ အကြီးဆုံးစီးပွားရေးနဲ့ လူဦးရေကို ပိုင်ဆိုင်ထားတဲ့ အင်ဒိုနီးရှား ကို မျက်စိကျလာကြတာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ပိုင်ဆိုင်မှုအမြင့်ဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဘန်ကောက်ဘဏ်ဟာလည်း အင်ဒိုနီးရှား ရဲ့ ပါမာတာဘဏ် က ဒေါ်လာ(၂.၂၈) ဘီလျံတန်ဖိုးရှိတဲ့ အစုရှယ်ယာ ကို ၂၀၂၀ ခုနှစ်အတွင်းက ဝယ်ယူထားခဲ့ပြီး ပါမာတာဘဏ်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ အဆင့် (၁၂)နေရာမှာ ရှိပြီး မက်စ်ပီယမ် ဘဏ်ကတော့ ပိုင်ဆိုင်မှု ဒေါ်လာ (၁.၁) ဘီလျံရှိပါတယ်။ 

မက်စ်ပီယမ် ဘဏ်အနေနဲ့ ကာဆီကွန်ဘဏ်ကို အင်ဒိုနီးရှားနိုင်ငံရဲ့ ဘဏ်လုပ်ငန်းလည်ပတ်မှုတွေ မှာဝင်ရောက်နိုင်ဖို့ ဆောင်ရွက်ပေးရမှာဖြစ်ပြီး ကာဆီကွန်အနေနဲ့ ချေးငွေတွေနဲ့ တခြားဘဏ်ဝန် ဆောင်မှုတွေကို မဆောင်ရွက်တဲ့ ကိုယ်စားလှယ်ရုံးခွဲတစ်ခုကို ထားရှိရမှာဖြစ်ပါတယ်။ 

ကာဆီကွန်ဟာ ဗီယက်နမ်းနဲ့ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားသလို လာအိုနဲ့ ကမ္ဘောဒီယားနိုင်ငံတို့မှာလည်း ဘဏခွဲတွေဖွင့်လှစ်ထားပါတယ်။ 

၂၀၂၀ ခုနှစ်က ကာဆီကွန်ဘဏ်ဟာ မြန်မာနိုင်ငံလုံး အတိုင်းအတာနဲ့ ဘဏ်ခွဲ (၁၈) ခုရှိပြီး ပိုင်ဆိုင်မှုဒေါ်လာ(၁၇၀) မီလျံ ရှိတဲ့ မြန်မာ့ဧရာဝတီလယ်သမားဖွံ့ဖြိုးရေးဘဏ်မှာ ရင်းနှီးမြှုပ်နှံရဲ့ (၃၅) ရာခိုင်နှုန်းအထိရှိနေပါတယ်။ 

မက်စ်ပီယမ်ဘဏ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဆူရာဘာရာမှာ အခြေစိုက်ထားပြီး အင်ဒိုတစ်နိုင်ငံလုံးမှာ ဘဏ်ခွဲ (၁၂) ခုအထိရှိပြီး မူရင်းလုပ်ငန်းမှာ မီးဖိုချောင်နဲ့ အိမ်သုံးပစ္စည်းတွေထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ထားပါတယ်။

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.