မော်စကို – မေ(၃၁) 

နှစ်လကျော်အတွင်း ရေနံစျေးနှုန်းအမြင့်ဆုံး ရောက်ရှိခဲ့ပြီး ယူကရိန်းကို ကျုးကျော်မှုအတွက် ရုရှားကို ပိတ်ဆို့အရေးယူပြီး ရေနံတင်သွင်းမှုတားမြစ်ရေး သဘောတူညီ ချက်ကို ဥရောပ သမဂ္ဂက စွမ်းဆောင်နိုင်ဖို့ ကုန်သည်တွေက စောင့်ကြည်နေကြပါတယ်။ 

ယူကရိန်းကို ကျုးကျော်မှုအတွက် ရုရှားနိုင်ငံကို ဒဏ်ခတ်အရေးယူမှု ခြောက်ခုမြောက်အစီအစဉ် ကိုဆွေးနွေးဖို့ အီးယူဟာ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

“မကြာသေးမီက စျေးနှုန်းရွေ့လျားမှုကို ကြည့်မယ်ဆိုရင် ဥရောပသမဂ္ဂဟာ ရုရှားရေနံစိမ်း အပေါ် ကန့်သတ်မှုပုံစံတချို့နဲ့ သဘောတူညီချက်တစ်ခုရနိုင်တာကြောင့် စျေးကွက်က အခြေခံ အကြောင်းအရင်း ဖြစ်ပုံရပါတယ်” လို့ ကုန်စည်သုတေသနလေ့လာသူ တစ်ဦးက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ပြီးပြည့်စုံတဲ့ တားမြစ်ချက်ဖြစ်မှသာ နောက်ဆက်တွဲဆုတ်ယုတ်မှုတွေကို မြင်တွေ့နိုင်မှာ ဖြစ်ပြီး ကင်းလွတ်ခွင့်တွေပါဝင်နေတဲ့ သဘောတူညီချက်တွေဟာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိမှာ မဟုတ်ဘူးလို့ သူက ပြောပါသေးတယ်။ 

အီယူနိုင်ငံတွေဟာ ရုရှားရေနံတင်ပို့မှုကို တားမြစ်ပိတ်ပင်ဖို့ ပျက်ကွက်ခဲ့ပေမယ့် တနင်္လာနေ့မွန်း လွဲပိုင်းမှာ ထိပ်သိီးအစည်းအဝေးပွဲမတိုင်မှီ ပင်လယ်တွင်းပိုက်လိုင်းနဲ့ ရုရှားရေနံတင်ပို့မှု တားမြစ် ရေးသဘောတူညီချက်ကို ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အမေရိကန်နဲ့ ဥရောပ နွေရာသီဝယ်လိုအားအမြင့်ဆုံးချိန်မတိုင်မီ ဓာတ်ဆီ၊ဒီဇယ်နဲ့ ဂျက်လေယာဉ်ဆီဝယ်ယူမှု မြင့်တက်နေချိန် ရုရှားရဲ့ ရေနံကို ထပ်မံတားမြစ်ပိတ်ပင်တာဟာ ရေနံစိမ်းစျေးကွက်ကို ပိုမိုလှုပ်ခတ်စေမှာပါ။ 

အမေရိကနဲ့ ဥရောပ ဒီဇယ်နဲ့ ဓာတ်ဆီအတွက်အမြင့်ဆုံး ထုတ်လုပ်မှု ပမာဏာဟာ တချို့ ရေနံစိမ်းအမျိုးအစားတွေအတွက် စျေးနှုန်း စံချိန်တင်မြင့်တက်ခဲ့ တယ်လို့ ကုန်သယ်တွေဆီက သိရပါတယ်။ 

“ပထဝီဝင်နိုင်ငံရေးက အရေးကြီးသေးပေမယ့် ရုရှားစွမ်းအင်အပေါ် မှီခိုအားထားမှုကို လျော့ပါးသွားစေတဲ့ ဥရောပရဲ့ အကျိုးသက်ရောက်မှု ရေနံဈေးကွက်တော်တော်များများကို စျေးတက်သွားစေတယ်” လို့ OANDA အကြီးအကဲစျေးကွက်လေ့လာဆန်းစစ်သူ အက်ဒ်ဝေါ့ခ် မိုရာက ပြောပါတယ်။

စျေးကွက်တင်းကြပ်မှုအတွက် ဖော်ပြပြီး OPEC+ လို့ခေါ်တဲ့ ရုရှားပါဝင်တဲ့ ရေနံတင်ပို့တဲ့ နိုင်ငံများ အဖွဲ့နဲ့ မဟာမိတ်များဟာ ကြာသပတေးနေ့ တွေ့ဆုံချိန်မှာ သူတို့ရဲ့ ရေနံအထွက်နှုန်း တိုးလာမှုကို အရှိန်မြှင့်ဖို့ အနောက်နိုင်ငံတွေရဲ့ တောင်းဆိုမှုတွေကို ပယ်ချဖို့ စီစဉ်ထားတာပါ။ 

ယခင်ကအစီအစဉ်တွေအတိုင်း ဇူလိုင်လမှာ တစ်ရက်ကို စည် (၄၃၂၀၀၀) ထပ်တိုးမယ့် အစီအစဉ်အတိုင်းသာ လိုက်နာမှာဖြစ်တယ်လို့ OPEC+ တာဝန်ရှိသူတွေက ရိုက်တာကို ပြောပါတယ်။ 

ဂရိကမ်းရိုးတန်းကမ်းလွန် ရေနံတင်သင်္ဘောက အီရန်ရေနံဆီကို အမေရိကန် ကသိမ်ယူလိုက် တဲ့အပေါ်လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ရေတပ်က ဂရိရေနံတင်သင်္ဘောနှစ်စင်းကို သိမ်းဆည်းရမိ ထားတယ်လို့ ပြီးခဲ့တဲ့ သောကြာနေက ပြောဆိုခဲ့ပြီးနောက်မှာ ရေနံစျေးကွက်ဟာ အကျဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။ 

“ဒါက ဟော်မူးစ် ရေလက်ကြားကို ဖြတ်ပြီး ကမ္ဘာ့ကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံကို သယ်ဆောင်ပေးတဲ့ ရေနံကုန်သွယ်မှုကို အနှောက်အယှက်ဖြစ်စေတယ်” လို့

သုတေသန လေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုထားပါတယ်။ 

ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယူအက်စ် နှုန်းထားတိုးတာနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်မှုတွေကို လျှော့ချဖို့ မျှော်ထင့်ထားသလို ဒေါ်လာငွေစျေး ကျဆင်းမှုကြောင့်လည်း ရေနံစျေးနှုန်းတွေ ထိုးကျသွားခဲ့တာပါ။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.