May 31, 2022

အနိုင်ရ ဘန်ကောက်မြို့တော်ဝန် ရွေးကောက်ပွဲ ရလဒ်ကို ထိုင်းရွေ/ကော်မှ ထုတ်ပြန်ကြေငြာရန် ရက်ရွှေ့ဆိုင်း

ဘန်ကောက်၊ မေ ၃၁ ဘန်ကောက်မြို့တော်ဝန်ရွေးကောက်ပွဲရလဒ် ကြေငြာမယ့်ရက်ကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ရွှေ့ဆိုင်းထားကြောင်း ဒေသတွင်း သတင်းများက အစီရင်ခံထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်နာ ဆန်ထတ် ဆီရီရန်နန်ပိုင်ဘွန်က သတင်းထောက်များသို့ ပြောကြားရာတွင် ရွေးကောက်ပွဲရလဒ်ကြေငြာခြင်းကို တနင်္လာနေ့ ရွေးကော်အစည်းအဝေးမှာ ကြေငြာနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အနိုင်ရမြို့တော်ဝန် ချတ်ချာဆစ်တစ်ပန့်တ်ကို ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပြီး နောက်ထပ် ဆက်စပ်အစည်းအဝေး…

ရုရှားအပေါ်ပတ်ဆို့အရေးယူမှုဆိုင်ရာ ဥရောပသမဂ္ဂ အစည်းအဝေးမတိုင်မီ နှစ်လကျော်အတွင်း ရေနံစျေးအမြင့်ဆုံးရောက်ရှိ

မော်စကို – မေ(၃၁) နှစ်လကျော်အတွင်း ရေနံစျေးနှုန်းအမြင့်ဆုံး ရောက်ရှိခဲ့ပြီး ယူကရိန်းကို ကျုးကျော်မှုအတွက် ရုရှားကို ပိတ်ဆို့အရေးယူပြီး ရေနံတင်သွင်းမှုတားမြစ်ရေး သဘောတူညီ ချက်ကို ဥရောပ သမဂ္ဂက စွမ်းဆောင်နိုင်ဖို့ ကုန်သည်တွေက စောင့်ကြည်နေကြပါတယ်။ ယူကရိန်းကို ကျုးကျော်မှုအတွက် ရုရှားနိုင်ငံကို ဒဏ်ခတ်အရေးယူမှု ခြောက်ခုမြောက်အစီအစဉ် ကိုဆွေးနွေးဖို့ အီးယူဟာ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။…

အင်ဒိုနီးရှား မက်စ်ပီယမ်ဘဏ်ရဲ့အကြီးစားအစုရှယ်ယာ ထိုင်းကာကီကွန်ဘဏ်ဝယ်ယူ

ဘန်ကောက် – မေ(၃၁) ထိုင်းနိုင်ငံမှာ ဒုတိယအကြီးဆုံးပိုင်ဆိုင်မှုရှိနေတဲ့ ကာဆီကွန်ဘဏ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မက်စ်ပီယမ်ဘဏ်ကနေ ဘတ်(၇.၅) ဘီလျံတန်ဖိုးရှိတဲ့ အကြီးစားအစုရှယ်ယာတွေကို ဝယ်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုကတဆင့် ကာစီကွန်ဘဏ်ဟာ အင်ဒိုနီးရှားလုပ်ငန်းစု မက်စ်ပီယန် စာရင်းဝင် လက်ရုံးဘဏ်ခွဲတစ်ခုက စုစုပေါင်း အစုရှယ်ယာအနက်မှ (၆၇.၅) ရာခိုင်နှုန်းကို ရရှိမှာ ဖြစ်ပါတယ်။ နှစ်ကုန်ပိုင်းမှာ အပြီးသတ်ဖို့စီစဉ်ထားပြီး ဒီရောင်းဝယ်မှုကို Karsikoen…

စစ်ရှောင်ပြည်သူအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အထူးလိုအပ်နေတယ်လို့ KNU ပြော

ဘားအံ၊ မေ ၃၁ ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ လေးခုအတွင်းက သွားလာရခက်ခဲ့တဲ့နေရာတွေမှာ ရှိနေတဲ့ စစ်ဘေး ရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အထူးလိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။ ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေတွေအတွင်းမှာ စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ် BGF တွေက နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှုတွေ အမြဲလုပ်ဆောင်နေတာကြောင့် နယ်မြေခံ KNLA KNDO ပူပေါင်းတပ်ဖွဲ့တို့နဲ့ နေ့စဉ်ထိတွေ့ပစ်ခတ်မှုတွေ…

ဂျပန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍကိုအကန့်အသတ်နဲ့ ဖွင့်လှစ်သွားမယ်။

တိုကျို – မေ(၁၈) ဂျပန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍအပြည့်အဝပြန်လည်ဖွင့်လှစ်ချိန်မတိုင်မီမှာ သတင်းအချက်အလက် စုဆောင်းတဲ့ နည်းလမ်းတစ်ခုအနေနဲ့ အကန့်အသတ်နဲ့သာခွင့်ပြုတဲ့ စမ်းသပ်ခရီးသွားကဏ္ဍကို မေလအတွင်းစတင်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ခရီးသွားကဏ္ဍဟာ ဂျပန်နိုင်ငံစီးပွားရေးရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပေမယ့် ကိုဗစ်ကပ်ဘေး စတင်ျိန်၂၀၂၀ ခုနှစ်တည်းက နယ်စပ်မျဉ်းတွေကို ပိတ်ထားခဲ့ရပြီး ခရီးသွားဧည့်သည်တွေကို ပြန်လည်ဝင်ရောက်ခွင့်တော့ မပြုသေးပါဘူး။ ကျောင်းသားကျောင်းသူတွေနဲ့ တချို့သော လုပ်ငန်းကိစ္စနဲ့ ခရီးသွားလာသူတွေကို ခွင့်ပြုနိုင်ဖို့ မူဝါဒတချို့ကို အနည်းငယ်ဖြေလျော့ထားခဲ့ပြီး…