ဘရာစေးလေးယား- မေ(၃၀)
ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းမှာမိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ လူ(၄၄) ဦးထက်မနည်းသေဆုံး ခဲ့ပြီးဒါဇင်နဲ့ချီပျောက်ဆုံးနေတဲ့အတွက် ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ကျန်ရစ်သူတွေ ကိုဆက်လက်ရှာဖွေတာတွေလုပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီသဘာဝဘေးအန္တရာယ်ဟာ ဘရာဇီးလ်နိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ ရာသီဥတုကြောင့် သေကြေခဲ့ရတဲ့ မြေပြိုမှု၊ရေကြီးမှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်ဖြစ်ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မြစ်ချောင်းတွေလျှံတက်ပြီး မြေပြိုမှုတွဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး လူ(၂၈) ဦးသေဆုံးခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့ကစတင်ပြီး သေဆုံးသူ(၃၄) ဦးအထိ မြင့်တက်လာခဲ့တာပါ။
ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ကယ်ဆယ်ရေးဝန်ထမ်း(၁၂၀၀) လောက်ဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အားဖြည့်လုပ်ဆောင်နေတယ်လို့ ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။
“အခု မိုးစဲသွားပေမယ့် လာမယ့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်မယ်လို့ ခန့်မှန်းထား ပါတယ်။ဒါကြောင့် ပထမအချက်က မိမိကိုယ်ကို ကာကွယ်မှု အစီအမံတွေကို လိုက်နာဖို့ ဖို့ပါပဲ” လို့ ဒေသဆိုင်ရာဖွံ့ဖြိုးရေးဝန်ကြီး ဒန်နီရယ်ဖာရီရာက ပြောပါတယ်။
အချက်အလက်တွေအရ (၄၄) ဦးသေဆုံးပြီး (၅၆)ဦး ပျောက်ဆုံးနေသလို ဒဏ်ရာရရှိသူ (၂၅) ဦးလောက်ရှိနေပြီး အမိုးအကာမရှိသူ (၃၉၅၇)ဦး၊ အိုးအိမ်မဲ့ဖြစ်ခဲ့ရသ (၅၃၃) ဦးလောက်ရှိတယ်လို့ သူကပြောပါသေးတယ်။
ပြည်တွင်းမီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ဓတ်ပုံတွေမှာ ကယ်ဆယ်ရေးသမားတွေနဲ့ စေတနာ့ဝန်ထမ်း တွေဟာ ရက်ဆီဖေးလ်နဲ့ Jaboatao Guararapes ခရိုင်နယ်စပ်က Jardin Monteverde မှာ အပျက်အဆီးတွေကို ရှင်းလင်းခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့မနက်ပိုင်းက မြေပြိုမှုအတွင်း လူ(၁၉) ဦးလောက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။
“ငါ့ညီမ၊ငါ့ယောက္ခမ၊ငါ့မိသားစုထဲကလူ(၁၁)ယောက်သေဆုံးသွားတယ်။ ဒါကိုငါမျှော်လင့်ထား ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဘရာဇီးလ်သမ္မတ ဂျာဟီးဘိုဆိုနာရိုက တနင်္လာနေ့မှာ ရက်ဆီဖေးလ် ကိုသွားရောက်မယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ နှစ်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် ဘရာဇီးလ်နိုင်ငံသား ရာနဲ့ချီသေဆုံးခဲ့ရပြီး ဖေဖော်ဝါရီက ရီယိုဒီဂျနေရိုက ပတ်ထရိုပိုးလိ့စ် မြို့မှာ လူ (၂၃၀) ကျော်သေဆုံးထားပါတယ်။
Ref: Bangkok Post