မနီလာ – မေ(၃၀)
ဖိလစ်ပိုင်နိုင်ငံကမ်းလွမ်ပင်လယ်ပြင်မှာ ငါးဖမ်းလှေနဲ့ ကုန်တင်င်္ဘော တိုက်မိခဲ့တဲ့ အတွက် ငါးဖမ်းလှေပေါ်ပါတဲ့ လူ(၇) ဦးပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မာရှယ်ကျွန်းစုအလုံပုံပြထားတဲ့ MV Happu Hiro ကုန်တင်င်္ဘော နဲ့ ဖိလစ်ပိုင်ငါးဖမ််း လှေဟာ ပြီးခဲ့တဲ့ စနေနေ့က ပလတန်ကျွန်းရဲ့အရှေ့ဘက်မှာ တိုက်မိခဲ့တာဖြစ်တယ်လို့ ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။
ငါးဖမ်းစက်လှေဟာ ဆူလူပင်လယ်အတွင်းမှာ မှောက်ပြီး နစ်မြှုပ်သွားတာဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောဆိုခဲ့ပါတယ်။
Happy Hiro ကိုမလွှဲပြောင်းမီ သင်္ဘောသားအယောက်(၂၀) လောက်ကို တခြားငါးဖမ်းစက်လှေ တစ်စီးနဲ့ ကယ်ထုတ်နိုင်ခဲ့ပေမယ့် အသေးစားဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ ငါးဖမ်းစက်လှေပေါ်ပါတဲ့ အဖွဲ့ဝင်(၇) ဦးကို ရှာဖွေဖို့အတွက် အခင်းဖြစ်ပွားရာ နေရာနဲ့နီးစပ်တဲ့ နေရာတွေမှာ ကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို တပ်စွဲခိုင်း ထားတယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ငါးဖမ်းတာနဲ့ ခရီးသည်တင်ဆောင်ဖို့ အသုံးများတဲ့ စက်လှေတွေဟာ သစ်သားနဲ့ပြုလုပ်ထားတဲ့အတွက် လှေမှာ ရေထွက်ပေါက်များစွာပါဝင်လို့ မကြာခဏ အန္တရာယ်နဲ့ ရင်ဆိုင်ကြရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း ဧည့်ကြိုကူးတို့ရေယာဉ်တစ်စီး မီးလောင်ခဲ့လို့ လူ(၁၂၇) ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် (၇) ဦးသေဆုံးသွားပြီး လှေပေါ်ပါခရီးသည်တွေကို ရေထဲခုန်ချဖို့ ဖိအားပေး ခိုင်းစေခဲ့ရတယ်လို့ သိရပါတယ်။
လူဇွန်ကျွန်းပေါ်က ကွီဇွန်ခရိုင်ဒေသန္တရ တစ်နေရာမှာလည်း လူ(၁၈၆) ဦးပါဝင်တဲ့ ရေယာဉ်တစ်စင်း မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါသေးတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ကျွန်းပေါင်း (၇၀၀၀) ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံဖြစ်ပေမယ့် ရေကြောင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အားကောင်းခိုင်မာမှုမရှိဘူးလို့ ပညာရှင်တွေက ထောက်ပြ ထားပါတယ်။
Ref: The Straits Time