ပြုံယမ်း – မေ(၂၉)
မြောက်ကိုရီးယားရဲ့ ကိုဗစ် – 19 ပျံ့နှံ့ကူးစက်မှုဟာ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပြီး ကျန်းမာရေး လုပ်သားတွေအနေနဲ့ စစ်ဆေးတာနဲ့ ကုသတာတွေကို အထူးဆောင်ရွက်ထားတဲ့အတွက် ကူးစက်မှုနှုန်းတွေ ကျဆင်းသွားပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်
ကျွမ်းကျင်ပညာရှင်တွေကတော့ ကမ္ဘာ့အဆိုးရွားဆုံး ကျမ်းမာရေးစနစ်နဲ့ အထီးကျန်နိုင်ငံတစ်နိုင်ငံ ရဲ့ကိန်းဂဏန်းတွေကို မေးခွန်းထုတ်ထားပြီး ကိုဗစ်ဆေးဝါးနဲ့ အကြီးစားစစ်ဆေးမှုတွေကို လုပ်ဆောင် ထားတာနဲ့ပတ်သက်ပြီး သံသယရှိနေကြပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ ဖျားနာမှုနဲ့ ကူးစက်မှု ကိန်းဂဏန်း တွေမှာ ဒီလအစောပိုင်း မှာ ထုတ်ပြန်ထားခဲ့တဲ့ (၃၉၀၀၀၀) မှ (၁၀၀၀၀၀) အထိ ကျဆင်းလာခဲ့တယ် လို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပေးအပ်ထားတဲ့ ကာကွယ်ဆေးတွေကို လက်ခံထားတာမရှိတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လူဦးရေ(၂၅) မီလျံဟာ တစ်ဦးတစ်ယောက်မှ ကာကွယ်ဆေးထိုး ထားတာမရှိဘူးလို့ သိရပါတယ်။
မြို့တော်ပြုံယမ်းက စစ်ဘက်ဆိုင်ရာ ဆေးကုသရေးအရာရှိ ဂျိုဂျွန်ဟို က AFP သတင်းဌာနကို ပြော ဆိုရာမှာတော့ နေ့စဉ်ကူးစက်မှု နှုန်းမှာ သိသာစွာ ကျဆင်းသွားခဲ့ပြီဖြစ်တယ်လို့ ပါရှိပါတယ်။
တောင်ကိုရီးယားအာဏာပိုင်တွေကတော့ ဆိုးလ်မှ ပေးအပ်မယ့်အကူအညီတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က တုံ့ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။
အမေရိကန် သမ္မတရဲ့ တောင်ကိုရီးယားခရီးစဉ်မှာ ဝါရှင်တန်က ပြုံဲယမ်းအတွက် ထောက်ပံ့ပေးမယ့် ကိုဗစ်ကာကွယ်ဆေးတွေအတွက်လည်း တုံ့ပြန်ထားတာတော့မရှိပါဘူး။
မြောက်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှုတွေရှိနေပေမယ့် ကောင်းကင်ဓါတ်ပုံတွေအရ နျူကလီးယား ဓာတ်ပေါင်းဖိုနေရာမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားရဲ့ (၇) ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ဘယ်လိုအချိန်မှာ မဆို ပြုလုပ်နိုင် တယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနှစ်နိုင်ငံစလုံးက သတိပေးထားပါတယ်။
Ref : Bangkok Post