ဘန်ကောက် – မေ(၁၂) 

အွန်လိုင်းပေါ်ပြန့်နှံ့ခဲ့တဲ့ Lazada Online Shopping ရဲ့ ပရိုမိုးရှင်းကြော်ငြာဟာ ထိုင်းတော်ဝင် မိသားစုကို စော်ကားပုတ်ခတ်တာလို့ ထောက်ခံသူတွေက စွပ်စွဲခဲ့ပြီးနောက်မှာတော့ စစ်တပ် အကြီးအကဲက Lazada ကနေပစ္စည်းမှာယူတာတွေရပ်တန့်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ 

နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ စစ်တပ်ပရဝုဏ်တွေတွေအတွင်းကို Lazada နဲ့သက်ဆိုင်တဲ့ ယာဉ်တွေဝင် ရောက်ခွင့်ကိုလည်း တားမြစ်လိုက်ပြီး Lazada ကနေစစ်သုံးကိရိယာပစ္စည်းတွေ ရရှိနေတာနဲ့ ပတ်သက်ပြီး စစ်တပ်အကြီးအကဲက မှတ်ချက်ပေးဖို့ငြင်းဆန်သွားပါတယ်။ 

ထိုင်းရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ ဘီတပ်ကုလားထိုင်ပေါ်ထိုင်ပြီး Influcencer ရဲ့ မိခင်နေရာက သရုပ်ဖော်ထားတဲ့ ဗီဒီယိုဖိုင်ကို Lazada က အရောင်းမြှင့်တင်ဖို့ အတွက်အသုံးပြုခဲ့တာဖြစ်ပြီး တော်ဝင်ထောက်ခံသူတွေက ပြစ်တင်ရှုပ်ချတာတွေရှိခဲ့ပြီးနောက် မှာတော့ ပြန်လည်ဖြုတ်ချခဲ့တာပါ။

အဲ့ဒီကြော်ငြာဟာ ထိုင်းနိုင်ထုတ် ဆပ်ပြာကြော်ငြာအော်ပရာတစ်ခုကို တုပ တင်ဆက်ထားတာ ဖြစ်ပြီး တော်ဝင်မိသားစုကို ထိပါးတယ်ဆိုတဲ့ ဝေဖန်ချက်တွေဟာ အားလုံးရဲ့ စိတ်အထင်သာ ဖြစ်တယ်လို့ ဗီဒီယိုဖန်တီးထားတဲ့ အာနီဝက်နာရာ ပရင်ထုမ်ထင်က ပြောဆိုထားပါတယ်။ 

တော်ဝင်ထောက်ခံသူတွေကတော့ ဝှီးချဲပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးဟာ လူသိမများတဲ့ တော်ဝင် မိသားစုဝင်တစ်ဦးကို ရည်ညွှန်းတာလို့ ပြောဆိုထားပေမယ့်လည်း ဗီဒီယိုမှာ တော်ဝင် မိသားစုအသုံးပြုတဲ့ ဘာသာစကားကို အသုံးပြုထားတာမရှိသလို မိသားစုဆိုပြီး ပုံဖော်ထားတာ လည်းမရှိပါဘူး။ 

ထိုင်းဘုရင်နဲ့ တော်ဝင်အသိုင်းအဝိုင်းကို ဝေဖန်ပုတ်ခတ်ခြိမ်းခြောက်တာတွေပြုလုပ်ရင် ထောင်ဒဏ်(၁၅) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဥပဒေပြဌာန်းထားပါတယ်။ 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.