မနီလာ – မေ(၁၂) 

လွန်ခဲ့တဲ့ (၃၆) နှစ်က ပြည်သူ့တော်လှန်ရေးနဲ့ ဖယ်ရှားခံထားရတဲ့ ဖိလစ်ပိုင်အာဏာရှင်ရဲ့ သားဖြစ်သူ ဖာဒီနန့် ဘွန်ဘွန်မားကိုစ့်ဂျူနီယာဟာ မဲအပြတ်အသတ်နဲ့ ရွေးကာက်ပွဲမှာ အနိုင်ရပြီးသမ္မတဖြစ်လာခဲ့ပါတယ်။ 

မားကို့စ်ဟာ တနင်္လာနေ့က ပြုလုပ်ကျင်းပခဲ့တဲ့ ‌ရွေးကောက်ပွဲမှာ ဆန္ဒမဲအရေအတွက် ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီး သူ့ဖခင်ရရှိခဲ့ဖူးတဲ့ အမြင့်ဆုံးလုပ်ပိုင်ခွင့်အာဏာဖြစ်တဲ့ သမ္မတရာထူးကို ရရှိခဲ့တာဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်လူထုအုံကြွမှုအပြီးမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေအထိ ပြည်နှင်ဒဏ်ပေးခံထားရတဲ့ အာဏာရှင်မိသားစုဟာ သားဖြစ်သူ မားကိုစ့်ရဲ့ အနိုင်ရရှိမှုကြောင့် အာဏာပြန်လည်ရယူဖို့ မိသားစုလိုက် ကြိုးပမ်းမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

မားကိုစ့်ဟာ သူ့ရဲ့သမ္မတရာထူးအတွက် မဟာမိတ်ပြုလုပ်ထားတဲ့ ဒါဗာအို မြို့တော်ဝန် ဆာရာ ဒူတာတေးရဲ့ အဓိက အထောက်အပံ့ရယူခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

အကျင့်ပျက်ချစားမှု လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ မားကိုစ့် ဖခင်ဟာ ဖိလစ်ပိုင် သမိုင်းမှာရှိနေတာဖြစ်ပြီး မားကိုစ့်ဂျူနီယာကတော့ မိသားစုအတိတ်ကြောင်း နဲ့ သူ့မိသားစုက နိုင်ငံပိုင်ဒေါ်လာဘီလီယံနဲ့ချီရယူခဲ့တာတွေနဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေကို ရှောင်ရှားခဲ့သလို အမျိုးသားညီညွတ်ရေးအတွက်ပြုလုပ်သွားမယ်လို့ သူ့ရဲ့ မိန့်ခွန်းမှာအဓိက ထားပြီးပြောဆိုထားပါတယ်။ 

သမ္မတဟောင်းဒူတာတေးရဲ့ အဓိက မူဝါဒတွေဖြစ်တဲ့ မူးယစ်ဆေးဝါးစစ်ပွဲတွေအစား နိုင်ငံအတွက် တစုံတရာကို ပိုမိုအာရုံစိုက်နိုင်ရေး အခြေခံအဆောက်အအုံတွေမြှင့်တင်ရေးစီမံချက်ဖြစ်တဲ့ Build Build Build တို့ကို ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

တရုတ်နဲ့မဟာမိတ်ရပ်တည်ချက်ကိုလည်း ထိန်းသိမ်းသွားမှာဖြစ်သလို ဒူတာတေးနဲ့ ဆက်ဆံရေးမပြေလည်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့လည်း မဟာမိတ်ပြုလုပ်သွားနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

စီးပွားရေးလေ့လာသုံးသပ်သူတွေကတော့ မားကိုစ့်ရဲ့ စီးပွားရေးအစီအမံတွေမှာ အသေးစိတ် အချက်အလက်တွေကင်းမဲ့နေတယ်လို့ ဝေဖန်ထားကြပါတယ်။ 

မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ကြွေးမြီးပြဿနာတွေထဲက နိုင်ငံရဲ့ စီးပွားရေးပြန်လည် နာလန်ထူနိုင်ဖို့အတွက် လုပ်ငန်းစဉ်တွေ ရှိသင့်တယ်လို့လည်း ပြောဆိုထားကြပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံရဲ့ စကော့စျေးကွက်အညွှန်းကိန်းမှာတော့ တခြားအရှေ့တောင်အာရှနိုင်ငံထပ်ဆိုး ရွားလာခဲ့ပြီး အခုနှစ်မှာ (၅) ရာခိုင်နှုန်းအထိကျဆင်းခဲ့ကာ ရွေးကောက်ပွဲဆိုင်ရာ မသေချာမှုတွေ ကြောင့် အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် ဖိလစ်ပိုင်ပီဆိုဟာ (၃) ရာခိုင်နှုန်းအထိ တန်ဖိုးကျဆင်း ထားတယ်လို့ သိရပါတယ်။ 

Ref: NikkieAsia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.