ဗီယင်ကျန်း – မေ(၁၁) 

ကိုဗစ်ကြောင့် (၂) နှစ်ကျော်ကြာ ပိတ်ထားခဲ့ရတဲ့ ကုန်းတွင်းပိတ်အရှေ့တောင်အာရှနိုင်ငံ ဖြစ်တဲ့ လာအိုဟာ မေလ(၉) ရက်နေ့ကစပြီး နိုင်ငံခြားခရီးသွားတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

လာအိုနိုင်ငံရဲ့ ကိုဗစ်-19 ထိန်းချုပ်ရေးအစိုးရအေဂျင်စီအကြီးအကဲ က ပြန်လည်ဖွင့်လှစ်မယ့် ရက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေငြာခဲ့ပြီး အဆင့်(၃) ဆင့် အစီအမံတွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ KPL ရဲ့ သတင်းအစီရင်ခံမှုအရ သိရပါတယ်။ 

ပြည်တွင်းကို ဝင်ရောက်လာမယ့် လာအိုနိုင်ငံသားတွေနဲ့ တခြားသောနိုင်ငံသားတွေဟာ ကိုဗစ် ကာကွယ်ဆေး လက်မှတ်ဒါမှမဟုတ် ဗိုင်းရပ်စ်စစ်ဆေးချက်တွေလိုအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

အသက် (၁၂) နှစ်အရွယ်ဒါမှမဟုတ် ကာကွယ်ဆေးလက်မှတ်မရှိတဲ့ ခရီးသွားဧည့်သည်တွေ အနေနဲ့ လာအိုနိုင်ငံကို မဝင်ရောက်ခင် (၄၈) နာရီအတွင်း စစ်ဆေးထားတဲ့ ရောဂါကင်းစင်ချက် ကို ပြသရမှာဖြစ်ပါတယ်။ 

ကန့်သတ်ချက်တွေကို ဖြေလျှော့တဲ့ အစိတ်အပိုင်းအဖြစ် ဖျော်ဖြေရေးပရဝုဏ်တွေကို ပြန် လည်ဖွင့်လှစ်ခွင့်ပြုသွားမှာဖြစ်ပြီး ကိုဗစ် ထိန်းချုပ်ရေး ဥပဒေတွေအတိုင်း လိုက်နာဆောင် ရွက်ရမှာဖြစ်သလို နယ်စပ်တွေကို ပိတ်ထားတာတွေလည်းပြန်လည်ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ 

လာအိုနိုင်ငံဟာ ကိုဗစ်မတိုင်ခင်ကာလ ၂၀၁၉ည ခုနှစ်မှာ ခရီးသွားဧည့်သည် (၄.၇၉) မီလီယံအထိ လက်ခံနိုင်ခဲ့ပြီး အဲ့ဒီကိန်းဂဏန်းဟာ ၂၀၂၀ ကိုဖြစ်ချိန်မှာ ၈၈၆၄၀၀ ဦးအထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ 

လာအိုနိုင်ငံဒုကျန်းမာရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေအရ နိုင်ငံကို ပြန်လည်ဖွင့်လှစ်တာဟာ လာအိုနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းရှိ ကျဆင်းသွားတဲ့ ကိုဗစ်ကူးစက်မှု ကိန်းဂဏန်းတွေကြောင့်သာ ဖြစ်တယ်လို့ ပြောပါတယ်။ 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အာရှ အဆင်းရဲဆုံးဖြစ်တဲ့ လာအို နိုင်ငံမှာ လူဦးရေး (၇.၇) မီလီယံ အထိနေထိုင်ပြီး ကပ်ဘေးစတင်ချိန်ကတင်းက ကိုဗစ်ကူးစက်ခံရသူ ၂၀၈၅၃၅ ဦးအထိရှိပြီး အဲ့ဒီထဲကမှာ (၇၄၉) ဦးသေဆုံးခဲ့ပါတယ်။ 

Ref:Channelnewsasia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.