လန်ဒန် – မေ(၁၁) 

လန်ဒန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကို ကြားကာလာ ကြီးကြပ်သူအဖြစ် ရာထူးလျှော့ချဖို့ဆုံးဖြတ်ချက်ကို လေးလကျော်ကြာ အငြင်းပွားပြီးနောက် စစ်ကောင်စီက ဗြိတိန် သံအမတ်ကို ပယ်ချခဲ့ပါတယ်။ 

မြန်မာစစ်ကောင်စီက ဗြိတိန်ကို ကြီးကြပ်သူအဖြစ်ခန့်အပ်တာကို လက်မခံနိုင်ကြောင်းနဲ့ တခြား သောကိုယ်စားလှယ်တွေကိုပဲ လက်ခံစဉ်းစားပေးမှာဖြစ်တယ်လို့ ဧပြီလကုန်ပိုင်းမှာ ဗြိတိန်အစိုးရ ကို တရားဝင်အကြောင်းကြားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ နိုင်ငံတော်တော်များများဟာ သူတို့ရဲ့ ကိုယ်စားပြုမှုတွေကို လျှော့ချဖို့ အတွက်သံအမတ်တွေနေရာမှာ ကြီးကြပ်သူအဆင့်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အစားထိုးတာ တချို့ ရာထူးတွေကို လစ်လပ်အတိုင်းထားဖို့ လုပ်ဆောင်လာကြတဲ့အတွက် စစ်ကောင်စီရဲ့ သံခင်းတမန် ခင်းအထီးကျန်မှုဟာ ပိုမိုဆိုးရွားလာနေပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ အရပ်သားပြည်သူတွေကို တိုက်ခိုက်ပြီး လူဦးရေ(၁၄၀၀၀) နီးပါးကိုဖမ်းဆီထားပြီး လူထောင်ကျော်ကို သတ်ဖြတ်ထားသလို လူဦးရေ (၅) သိန်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ဗြိတိန်အစိုးရ ခန့်အပ်ထားတဲ့ Vowles ဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မြန်မာနိုင်ငံကို ရောက်ရှိခဲ့ ပြီး စစ်ကောင်စီက သူ့ရဲ့ အထောက်အထားတွေကို ထပ်တလဲတဲတောင်းဆိုထားခဲ့ပေမယ့် ဗြိတိန် အစိုးရကတော့ တုံ့ပြန်ထားတာမရှိပါဘူး။ 

ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကျော်ဇေယျာမင်း ကိစ္စနဲ့ ပတ်သက်ပြီး သံတမန်တစ်ဆို့မှု တွေ ဖြစ်ပေါပြီး မြန်မာနဲ့ ယူကေတို့အကြား ရှုပ်ထွေးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ 

ဗြိတိန်ကိုယ်စားလှယ်ရဲ့ ဖြစ်စဉ်ဟာ တခြားနိုင်ငံတွေက မြန်မာနိုင်ငံကို သံတမန်ရေး အဆင့်လျော့ချရေးဆိုင်ရာ ရွှေ့ကွက်တွေကို အသားပေးဖော်ပြနေတာဖြစ်ပြီး အဲ့ဒီအထဲမှာ ရွေးကောက်ခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရကိုဖယ်ရှားခဲ့တဲ့ စစ်တပ်ကို တရားဝင်အသိအမှတ်ပြုဖို့ အတွက် လက်မှတ်ရေးထိုးမှုတွေကို ရှောင်ရှားထားကြပါတယ်။ 

မြန်မာနိုင်ငံမှာရှိတဲ့ သံရုံးတွေကို ဆက်လက်ထားရှိလိုတဲ့ နိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ ဂျာမနီ၊အစ္စရေး၊အီတလီနဲ့ တောင်ကိုရီးယားတို့လည်း သူတို့ရဲ့ သံတမန်ရေးရာကိုယ်စားပြု မှုကို ရေးရာအကြီးအကဲ ဒါမှမဟုတ် လုပ်ငန်းမစ်ရှင်အကြီးအကဲ အဆင့်ကို လျှော့ချလုပ်ဆောင်ဖို့ ရှိနေပြီး စစ်တပ်ကို သက်ရောက်စေခဲ့တဲ့ နောက်ထပ်လုပ်ဆောင်ချက်တစ်ခုအဖြစ် ဥရောပသမဂ္ဂ နိုင်ငံတွေကလည်း မြန်မာမစ်ရှင်တွေအတွက် သူတို့ရဲ့ သံအမတ်တွေကို မစေလွှတ်ကြဖို့ တရားဝင်ထုတ်ပြန်ထားတာမရှိပေမယ့် သဘောတူထားကြတယ်လို့ Brussels ကပြောခဲ့ပါတယ်။ 

အမေရိကန်နဲ့ ဂျပန်သံရုံးတွေကတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သံအမတ်တွေကို သက်မှတ် တာဝန်တွေနဲ့အညီ ဆက်ထက်ထိန်းသိမ်းထားခဲ့ပါတယ်။ 

Ref:Nikkie Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.