ခြိမ်းခြောက်မှုတွေလုပ်နေပေမယ့် ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ တောင်ကိုရီးယား သမ္မတ သစ်ပြော
ဆိုးလ် – မေ(၁၁) မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေရှိနေပေမယ့် နျူကလီးယားကင်စင်ရေးကို အာမခံနိုင်ရင် သူ့အနေနဲ့ စီပွားရေးအစီအစဉ်တွေကို ပံ့ပိုးပေးဖို့ အဆင်သင့်ရှိတယ်လို့ တောင်ကိုရီးယား သမ္မတ အသစ် ယွန်းစုခ်ယိုက ပြောခဲ့ပါတယ်။ ဆိုးလ်မြို့ပါလီမန်ရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက်သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာ ပါ။ အစိုးရရှေ့နေအဖြစ် (၂၆) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံရေးလာကကို ဝင်ရောက် ပြီး တစ်နှစ်မပြည့်ခင်မှာပဲ ကွန်ဆာဗေးတစ်…