ဘန်ကောက် – မေ(၁၀) 

ထိုင်းနိုင်ငံ အီးကောမက်စ်လုပ်ငန်းစု Lazada အတွက် အရောင်းမြှင့်တင်ရေး မှာ အသုံးပြုခဲ့တဲ့ ဗီဒီယိုဟာ ထိုင်းတော်ဝင်နန်းတော်ကို လှောင်ပြောင်တာဖြစ်တယ်လို့ တော်ဝင်ထောက်ခံသူတွေက ပြောဆိုလိုက်ပြီး နိုင်ငံရဲ့ ဘုရင်စနစ်ကို ထိပါးစော်ကားတဲ့အတွက် အစိုးရက သတိပေးခဲ့ပါတယ်။ 

ဖြုတ်ချဖယ်ရှားလိုက်ပြီဖြစ်တဲ့ ဗီဒီယိုဖိုင်ကို Lazada ရဲ့ အရောင်းမြှင့်တင်ရေးအတွက် အသုံးပြုခဲ့ပြီး အဲ့ဒီထဲမှာ ထိုင်းရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ ဘီးတပ်ကုလားထိုင် ပေါ်ထိုင်ပြီး Influencer ရဲ့ မိခင်နေရာက သရုပ်ဖော်ထားတာဖြစ်ပါတယ်။ 

တော်ဝင်ထောက်ခံသူတွေက ဝှီးချဲပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးဟာ လူသိမများတဲ့ တော်ဝင် မိသားစုတစ်ဦးကို ကိုးကားထားတဲ့ ဖော်ပြချက်လို့ တုံ့ပြန်ထားပြီး ဗီဒီယိုမှာ တော်ဝင်မိသားစု အသုံးပြုတဲ့ ဘာသာစကားကို အသုံးပြုထားတာမရှိသလို မိသားစုဆိုပြီး ရှင်းလင်းထားတာလဲ မရှိပါဘူး။ 

“ ဖော်ပြချက်ဟာ ထိုင်းနိုင်ငံထုတ် ဆပ်ပြာ(ကြော်ငြာ) အော်ပရာတစ်ခုကို တုပပြီး တင်ဆက်ထား တာဖြစ်ပြီး တော်ဝင်မိသားစုကို ထိပါးသည်ဟူသော ဝေဖန်ချက်များသည် အားလုံးရဲ့ စိတ်ထင် အတိုင်းသာဖြစ်တယ်” လို့ ဗီဒီယိုဖန်တီးထားတဲ့ Influencer အာနီဝက်”နာရာ” ပရာထုမ်ထင် က ပြောခဲ့ပါတယ်။ 

အလီဘာလာ Holdings အရှေ့တောင်အာရှ လုပ်ငန်းစု တစ်ခု ဖြစ်တဲ့ Lazada ဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်စေခဲ့တဲ့ ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး တောင်းပန်ခဲ့သလို ပိုဂရုစိုက် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။ 

ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ထနာခွန်ဝန်ဘွန်ကွန်ချာနာရဲ့ ပြောဆိုချက်အရ အခုလို ရေးသားတာဟာ လုပ်ငန်းအမှတ်တံဆိပ်တွေရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနိုင်တယ်လို့ ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ထိုင်းလေကြောင်းလိုင်းတစ်ခု ဖြစ်တဲ့ Thai Viejet Air ရဲ့ ဂျာမနီနိုင်ငံ မြူးနစ်မြို့ကို ပြေးဆွဲတဲ့ ခရီးစဉ်အသစ်အတွက် ကြေငြာတစ်ခုမှာလည်း ဂျာမနီမှာ အချိန်ကုန်လေ့ရှိတဲ့ ထိုင်းဘုရင်ကို သွယ်ဝိုက်ဟာသလုပ်ထားတယ်လို့ တော်ဝင်ထောက်ခံသူတွေ ကစွပ်စွဲပြောဆိုခဲ့ကြတဲ့အတွက် လေကြောင်းလိုင်းက ပြန်တောင်းပန်ခဲ့ရပါသေးတယ်။ 

ထိုင်းဘုရင်နဲ့ နီးစပ်တဲ့ တော်ဝင်အသိုင်းအဝိုင်းကို ဝေဖန်ပုတ်ခတ်တာနဲ့ ခြိမ်းခြောက်တာတွေတစ် ခုစီတိုင်းအတွက် ထောင်ဒဏ်(၁၅) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဥပဒေတစ်ရပ်မှာ ဖော်ပြထားပါတယ်။ 

Ref: Thestraitstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.