မနီလာ – မေ(၁၀) 

လာမယ့် တနင်္လာနေ့မှာ အရှေ့တောင်အာရှရဲ့ အဓိက စီးပွားရေးနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ ရဲ့အထွေထွေရွေးကောက်ပွဲနဲ့အတူ သမ္မတသစ်ကို ရွေးချယ်သွားဖို့ ရှိပါတယ်။ 

သမ္မတ၊ ဒုသမ္မတ အပါအဝင် အထက်လွှတ်တော်အမတ် ၁၂ ဦးအပြင် အောက်လွှတ်တော် လစ်လပ်နေရာ ၃၀၀ အပါအဝင် နေရာပေါင်း ၁၈၁၀၀ ကိုရွေးချယ်သွားမှာဖြစ်ပါတယ်။ 

ထိုရွေးကောက်ပွဲအတွက် မဲပေးနိုင်သူဦးရေ စုစုပေါင်းဟာ ၆၅.၇ မီလီယမ်ကျော်ရှိတယ်လို့ သိရပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံအခြေခံဥပဒေအရ သမ္မတသက်တမ်းကို (၆) နှစ်သာ ကန့်သတ်ထားသော်လည်း သမ္မတဒူတာတေးကို လူကြိုက်များနေဆဲဖြစ်ပြီ သူ့နေရာဆက်ခံမယ့် လူကို လူအများကထောက် ခံအားပေးတာမရှိသေးပါဘူး။ 

ဒူတာတေးကတော့ဦးဆောင်မှုနေရာမဟုတ်ေသာ ဒုတိယသမ္မတ ရာထူးအတွက် သူ့ရဲ့ သမီးကို ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ 

သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပိုင်မယ့် ကိုယ်စားလှယ်လောင်းဆယ်ဦးအထိရှိ နေပြီး အများစုရဲ့ အမြင်မှာ အဓိက ဝင်ရောက်ယှဉ်ပြိုင်သူ(၂) ဦးကိုသာ ပြည်သူတွေက မျက်စေ့ကျ နေတယ်လို့ သိရပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံမှာ ပြဿနာရှိနေဆဲဖြစ်တဲ့ မားကို့စ်ဂျူနီယာရဲ့ မဲဆွယ်ကမ်းပိန်းတွေဟာလည်း ကြီးမားတဲ့ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ 

ဒုတိယသမ္မတနေရာကို လူထုထောက်ခံမဲ့ (၅၅) ရာခိုင်နှုန်းနဲ့ ဒါဗာအို မေယာဆာရာဒူတာတေးက ဦးဆောင်ထားတယ်လို့ သိရပါတယ်။ 

မားကို့စ်အနိုင်ရပါက ဥပဒေပြုရေးဖြစ်စဉ်ကို အထောက်အကူပြုနိုင်တဲ့အတွက် အထက်လွှတ် တော်မှာ မားကို့စ်-ဒူတာတေး ကျောထောက်နောက်ခံပြုထားတဲ့ မျက်နှာဟောင်း နိုင်ငံရေးသမား တွေသာလွှမ်းမိုးနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဖိလစ်ပိုင်ရွေးကောက်ပွဲတွေမှာ အကြမ်းဖက်မှုတွေဖြစ်ပေါ်လေ့ရှိပြီး မဲစာရင်းနဲ့ ဆန္ဒမဲ ပေးတဲ့ စက်ကိရိယာတွေချို့ယွင့်မှုဖြစ်ပေါ်ခဲ့တဲ့အတွက် ဖိလစ်ပိုင်ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ပြသနာတွေဖြစ်ပေါ်ခဲ့ပါသေးတယ်။ 

အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ သမိုင်းကြောင်းတွေရှိခဲ့တဲ့အတွက် ကော်မရှင်အနေနဲ့ အနည်းဆုံး မြို့(၁၁) မြို့နဲ့ ခရိုင်ဒေသန္တရ တစ်ခုကို တိုက်ရိုက်ကိုင်တွယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က တောင်ပိုင်းခရိုင်မက်ဂွိုင်ဒါနာအိုပြည်နယ်အုပ်ချုပ်ရေးမှူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းဖို့ လျှောက်ချိန်မှာ သတင်းထောက်(၃၀) ကျော်အပါအဝင် လူ(၅၈) ဦးအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

Ref:Nikkie Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.