Chinese Foreign Minister Wang Yi and Sri Lanka's Prime Minister Mahinda Rajapaksa attend their bilateral meeting in Colombo, Sri Lanka, January 9, 2022. REUTERS/Dinuka Liyanawatte

ကိုလံဘို – မေ(၉) 

သီရိလင်္ကာဝန်ကြီးချုပ်ဟာ ဒီနေ့ မေလ(၉) ရက်နေ့ မှာ နှုတ်ထွက်စာတင်ခဲ့တယ်လို့ သူ့ရဲ့ Twitter စာမျက်နှာမှာရေးသားထားပါတယ်။ 

အသက် (၇၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ  သူ့ရဲ့ညီဖြစ်သူ နိုင်ငံသမ္မတ ဆီကို နှုတ်ထွက်လိုတယ် ဆိုပြီး အသိပေးစာတစ်စောင်ပို့ခဲ့တယ်လို့ သိရပါတယ်။ 

“ကျွန်ုပ်၏ ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်စာကို သမ္မတထံ ချက်ချင်းတင်လိုက်ပါပြီ” လို့ မဟင်ဒါက တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 

မြို့တော်ကိုလံဘိုမှာ ဆန္ဒပြသူတွေကို တိုက်ခိုက်တာနဲ့ တခြားသောအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်မှာ တစ်နိုင်ငံလုံး ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပြီး အခုချိန်မှာတော့ ဝန်ကြီးချုပ်က နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပြီး ဆန္ဒပြသူတွေကတော့ နိုင်ငံသမ္မတနဲ့ ဝန်ကြီးချုပ်တို့ ကို ရာထူးကနှုတ်ထွက်ဖို့ တောင်းဆိုထားခဲ့ကြတာပါ။ 

“ဝန်ကြီးချုပ်နှုတ်ထွက်တဲ့ စာကိုတရားဝင်ပို့ပြီးပါပြီး ရာထူးက နှုတ်ထွက်တာ ကြေညာပြီး မကြာခင် မှာပဲ ပြည်သူတွေက မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး အောင်ပွဲခံခဲ့ပါတယ်” လို့ ဝန်ကြီးချုပ်ရုံးက တာဝန်ရှိသူတစ်ယောက်က Nikkei Asia  သတင်းဌာနကို ပြောခဲ့ပါတယ်။ 

ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ပြီး နောက်အစိုးရအစည်းအဝေးကို ဒီနေ့ညပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပြီး သီရိလင်္ကာနိုင်ငံရဲ့ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ရင် အစိုးရဝန်ကြီး အဖွဲ့ကို ဖျက်သိမ်းရမယ်လို့ ပြဌာန်းထားပါတယ်။ 

လက်ရှိအချိိန်မှာတော့သီရိလင်္ကာနိုင်ငံမှာ အရန်ငွေဒေါ်လာသန်း(၅၀) သာရှိတော့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပါတယ်။ 

အရေးပေါ်အခြေအနေအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ညှိနှိုင်းနေပြီး အပြီးသတ်ဖို့ အနည်းဆုံး လပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ 

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.