ရန်ကုန် – မေ(၉)

နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေဆုံးရှုံးမှု မရှိစေဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုအသစ်တွေကို ထပ်မံဖိတ်ခေါ်သွားဖို့ လိုအပ်တယ်လို့ ဒုကာချုပ် စိုးဝင်းက ပြောပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက တာဝန်ရှိသူတွေကို သီလဝါအထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမမှာ သူကပြောခဲ့တာပါ။

“နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ မဆုံးရှုံးစေရေးနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များ ထပ်မံဖိတ်ခေါ် သွားရန်လည်းလိုကြောင်း၊ နိုင်ငံတော်၏ ပထမဆုံးနှင့်အောင်မြင်မှုအရှိဆုံး စံပြအထူးစီးပွားရေးဇုန် ဖြစ်ရန် ယခုထက်အောင်မြင်အောင်ကြိုးပန်းဆောင်ရွက်ရန်လိုတယ်” လို့ ဒုကာချုပ်စိုးဝင်းက ပြောခဲ့တာပါ။

ဒါ့အပြင် သီလဝါအထူးစီးပွားရေးဇုန်မှာ သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အားကို Gas မှ LNG လို နိုင်ငံခြား ငွေနဲ့ ဝယ်ယူသုံးစွဲနေရတာကို ဆိုလာနဲ့လေအားလျှပ်စစ်ထုတ်ယူဖို့ လည်း သူကပြောပါ သေးတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဏာရေးနှစ် က စတင်ပြီး ဂျပန်အစိုးရနဲ့ မြန်မာနိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက် မှုနဲ့တည်ထောင်ခဲ့တဲ့ သီလဝါအထူးစီးပွားရေးဇုန်ဟာ (၈) နှစ်တာကာလအတွင်း ရင်းနှီးမြှပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၁၂ ဘီလီယံ ရှိပြီး မြန်မာကုမ္ပဏီ(၉) ခု မြန်မာအစုရှယ်ယာရှင် (၁၇၀၀၀) ကျော်နဲ့ ဂျပန်ကုမ္ပဏီ(၃)ခုတို့ ပူးပေါင်းပြီး မြန်မာအစိုးရက ၁၀ ရာခိုင်နှုန်းမြန်မာနိုင်ငံ သားများကုမ္ပဏီက ၄၁ ရာခိုင်နှုန်း ဂျပန်အစိုးရက ၁၀ ရာခိုင်နှုန်းနဲ့ ဂျပန်ကုမ္ပဏီက ၃၉ ရာခိုင်နှုန်း အချိုးကျထည့်ဝင်ဆောင်ရွက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

သီလဝါစက်မှုဇုန်တာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်းက ထွက်ရှိတဲ့ စိန်တလုံး သရက်သီးနဲ့ ထောပတ်ပဲ လို သီးနှံတွေကို ဇုန်အတွင်းမှာ CAN စနစ်နဲ့ ပြုပြင်ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင် ရမယ်လို့လည်း ဒုတပ်ချုပ်စိုးဝင်းက ပြောဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကာချုပ်ရုံး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.