Ukrainian President Volodymr Zelenskiy speaks during his nightly address, saying that the "Battle of Donbas" has begun, in Kyiv, Ukraine, April 18, 2022. Ukrainian Presidential Press Service/via Reuters TV/Handout via REUTERS ATTENTION EDITORS - THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY.

ကိယက်ဗ် – မေ(၉) 

ယူကရိန်းသမ္မတဇီလန်းစကီးက ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီက မဟာမိတ်တွေဆီမှာ လက်နက်ချတဲ့ အထိမ်းအမှတ်အဖြစ် ဥရောပစစ်အောင်ပွဲနေ့မိန့်ခွန်းမှာ ဆိုးယုတ်မှုတွေယူကရိန်းနိုင်ငံကို ပြန်ရောက်လာ တယ်လို့ ပြောခဲ့ပါတယ်။ 

ရုရှားက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ယူကရိန်းကို အထူးစစ်ဆေးရေးဆိုတဲ့ နာမည်နဲ့ ကျူးကျော်တိုက် ခိုက်တာတွေလုပ်ဆောင်ခဲ့တဲ့ အတွက် ရုရှားသမ္မတ ပူတင်ကို အနောက်အုပ်စုက ဆန့်ကျင်ရေး လှုံ့ဆော်မှု တွေလည်း ရှိနေပါတယ်။ 

“မတူတဲ့ ကြွေးကျော်သံတွေအာက်မှာ ကွဲပြားတဲ့ ပုံစံနဲ့ မတူညီတဲ့ ရည်ရွယ်ချက်နဲ့ ဆိုးယုတ်မှုတွေပြန်လာခဲ့ ပါပြီ ဒါပေမယ့် ဒီမတရားမှုတွေကို ကျွန်ုပ်တို့ မဟာမိတ်တွေက အောင်နိုင်ပါလိမ့်မယ်” လို့ ယူကရိန်း သမ္မတ ဇီလန်စကီး ကပြောပါတယ်။ 

နာဇီခေါင်းဆောင်အဒေါ့ဖ့်ဟစ်တလာဟာ သူ့ဘဝနောက်ဆုံးနေ့ရက်တွေကို ဘာလင်းက ကတုတ်ကျင်း တစ်ခုမှာ နေထိုင်ခဲ့ပြီး စစ်ပွဲရဲ့ နောက်ဆုံးရက်တွေမှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဘယ်မကောင်းမှုမှတာဝန်ယူမှုကနေလွတ်ကင်းတာမရှိသလို ကတုတ်ကျင်းထဲကနေလည်း ပုန်းအောင်းနေ လို့မရပါဘူးလို့ သူကပြောပါသေးတယ်။ 

ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ လူထောင်ပေါင်းများစွာသေဆုံးခဲ့ရပြီး လူ(၁၀) သန်း နီးပါး အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ရပါတယ်။ 

အနောက်နိုင်ငံတွေကတော့ ရုရှားကို ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ထိန်းချုပ်ထားပြီး ရုရှားနဲ့ အနောက်အုပ်စုတွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေ မြင့်တက် လာနေပါတယ်။ 

ရုရှားရဲ့ မေလ(၉) ရက်နေ့ အောင်ပွဲဟာ နာဇီ အရေးနိမ့်ပြီး ဆိုဗီယက်ယူနီယံရဲ့ ကြီးမားတဲ့ စွန့်လွှတ်အနစ် နာခံမှုကို အောက်မေ့တဲ့ အထိမ်းအမှတ်အဖြစ်နိုင်ငံရဲ့ အရေးအကြီးဆုံး အမျိုးသားနေ့ အခမ်းအနားတစ် ခုဖြစ်တယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.