May 9, 2022

နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေမဆုံးရှုံးဖို့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေခေါ်ဖို့ ဒုချုပ်စိုးဝင်း ပြော

ရန်ကုန် – မေ(၉) နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေဆုံးရှုံးမှု မရှိစေဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုအသစ်တွေကို ထပ်မံဖိတ်ခေါ်သွားဖို့ လိုအပ်တယ်လို့ ဒုကာချုပ် စိုးဝင်းက ပြောပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက တာဝန်ရှိသူတွေကို သီလဝါအထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမမှာ သူကပြောခဲ့တာပါ။ “နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ မဆုံးရှုံးစေရေးနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များ ထပ်မံဖိတ်ခေါ် သွားရန်လည်းလိုကြောင်း၊ နိုင်ငံတော်၏…

သီရိလင်္ကာဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်ဖို့ သမ္မတဆီစာတင်

ကိုလံဘို – မေ(၉) သီရိလင်္ကာဝန်ကြီးချုပ်ဟာ ဒီနေ့ မေလ(၉) ရက်နေ့ မှာ နှုတ်ထွက်စာတင်ခဲ့တယ်လို့ သူ့ရဲ့ Twitter စာမျက်နှာမှာရေးသားထားပါတယ်။ အသက် (၇၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ သူ့ရဲ့ညီဖြစ်သူ နိုင်ငံသမ္မတ ဆီကို နှုတ်ထွက်လိုတယ် ဆိုပြီး အသိပေးစာတစ်စောင်ပို့ခဲ့တယ်လို့ သိရပါတယ်။ “ကျွန်ုပ်၏ ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်စာကို သမ္မတထံ ချက်ချင်းတင်လိုက်ပါပြီ” လို့ မဟင်ဒါက…

ဒုတိယကမ္ဘာစစ် နှစ်ပတ်လည်နေ့မှာ ဆိုးယုတ်မှုတွေပြန်လည်လာပြီဖြစ်တယ်လို့ ယူကရိန်း သမ္မတဆို

ကိယက်ဗ် – မေ(၉) ယူကရိန်းသမ္မတဇီလန်းစကီးက ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီက မဟာမိတ်တွေဆီမှာ လက်နက်ချတဲ့ အထိမ်းအမှတ်အဖြစ် ဥရောပစစ်အောင်ပွဲနေ့မိန့်ခွန်းမှာ ဆိုးယုတ်မှုတွေယူကရိန်းနိုင်ငံကို ပြန်ရောက်လာ တယ်လို့ ပြောခဲ့ပါတယ်။ ရုရှားက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ယူကရိန်းကို အထူးစစ်ဆေးရေးဆိုတဲ့ နာမည်နဲ့ ကျူးကျော်တိုက် ခိုက်တာတွေလုပ်ဆောင်ခဲ့တဲ့ အတွက် ရုရှားသမ္မတ ပူတင်ကို အနောက်အုပ်စုက ဆန့်ကျင်ရေး လှုံ့ဆော်မှု တွေလည်း ရှိနေပါတယ်။…