ဘေဂျင်း – မေ(၈) 

တရုတ်မြို့တော် ဟန်ဇုန်မှာ ကျင်းပမယ့် အားကစားပွဲတွေကို ကိုဗစ်-19 ကြောင့် မသေချာတော့တဲ့ အချိန်ထိရွှေ့ဆိုင်းလိုက်ရတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ 

အားကစားပြိုင်ပွဲတွေကို စက်တင်ဘာလ(၁၀) ရက်နေ့ကစပြီး (၂၅) ရက်နေ့အထိ ကျင်းပဖို့ အတွက် စီစဉ်ထားပေမယ့် နိုင်ငံတဝှမ်းမြင့်တက်လာတဲ့ ကိုဗစ်ကူးစက်မှုတွေကို တရုတ်အစိုးရ ကထိန်းချုပ်ဖို့ကြိုးစားနေရတဲ့အတွက် အားကစားပွဲတွေကို ရွှေ့ဆိုင်းလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ 

မြို့တော်ရှန်ဟိုင်း က ကီလိုမီတာ(၂၀၀) အတွင်းရှိတဲ့ ဟုန်ဇုန်မြို့ကို တရုတ်ကွန်မြူနစ်အစိုးရရဲ့ ဗိုင်းရပ်စ်ဆိုင်ရာ Zero Tolerance ချဉ်းကပ်မှုရဲ့ အစိတ်အပိုင်းအဖြစ် အသွားအလာကန့်သတ် ထားတယ်လို့ သိရပါတယ်။ 

အာရှ အိုလံပစ်ကောင်စီထုတ်ပြန်ကြေငြာချက်မှာ ပြိုင်ပွဲရွှေ့ဆိုင်ရတဲ့ ဆုံးဖြတ်ချက်ဟာ သက်ဆိုင်သူတွေအားလုံးက ကပ်ဘေးအခြေအနေနဲ့ ပြိုင်ပွဲရဲ့ အရွယ်အစားပေါ်မူတည်ပြီး ဂရုတစိုက် စဉ်းစားသုံးသပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ဒေသတွင်းကစားသမား(၁၀၀၀၀) ကျော်ပါဝင်ယှဉ်ပြိုင်မယ့် အဲ့ဒီအားကစားပွဲကျင်းပဖို့ ရက်စွဲကို မကြာခင်မှာ ပြန်ကြေငြာပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

အာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေအရ လူဦးရေ (၁၂) မီလျံအထိနေထိုက်တဲ့ တရုတ်အရှေ့ပိုင်း မြို့တော် ဟုန်ဇုန်မှာ အာရှအားကစားပြိုင်ပွဲတွေနဲ့ အာရှိမသန်စွမ်းအားကစားပြိုင်ပွဲတွေအတွက် အဆောက်အအုံ (၅၆) လုံးတည်ဆောက်ပြီးစီးခဲ့ပြီလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဟုန်ဇုန်မြို့ဟာ ၁၉၉၀ ဘေဂျင်းနဲ့ ၂၀၁၀ ကွန်ကျုံးပြီးနောက် နိုင်ငံတကာအားကစားပြိုင်ပွဲတွေကို လက်ခံကျင်းပဖို့ တရုတ်နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။ 

တချို့ပြိုင်ပွဲတွေကိုတော့ တခြားသော ခရိုင်ဒေသန္တရတွေဖြစ်တဲ့ နင်ဘို၊ဝန်ဇုန်၊ဟူဇုန်၊ရှောင်ဇင် နဲ့ ဂျင်ဟူဝါ အစရှိတဲ့ မြို့တွေမှာ ကျင်းပသွားဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ 

Ref: Channelnewsasia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.